ခွေးလေး ကြောင်လေးတွေကို သေစေလောက်တဲ့ အစားအစာသောက် (၈) မျိုး

အကယ်၍ သင့်အိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေမွေးထားတာရှိတယ်ဆိုရင်တော့ ဒီအစားအသောက်တွေကို သိထားသင့်ပါတယ်။သူတို့လေးတွေကို အဆိပ်ဖြစ်စေမယ့် အစားအသောက် ၈ မျိုးကို  ဖော်ပြပေးလိုက်ပါတယ်....။

၁။ အရက်ပါဝင်တဲ့အဖျော်ယမကာတွေက ခွေးနဲ့ကြောင်တွေကို စွဲစေနိုင်တဲ့အတွက် တစ်ခါတစ်လေကျရင် မူးယစ်ပြီးသေဆုံးမှာကို စိုးရိမ်ရပါတယ်တဲ့...။

၂။ ထောပတ်သီး၊ ထောပတ်သီးရဲ့ (အခွံ၊ အစေ့) နဲ့ ထောပတ်သီးအပင်ရဲ့အခါက်တွေမှာ ခွေးနဲ့ကြောင်တွေကို အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေပါဝင်တယ်လို့ သိရပါတယ်...။

၃။ ချောကလက်ထဲမှာ theobromine ပါဝင်တဲ့အတွက် နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ပေါ်မှုကိုအားပေးတယ်လို့ သိရပါတယ်။ နောက်ပြီး သူက ဆီးလဲရွှင်စေပါတယ်...။

၄။ ကော်ဖီမှာကျတော့ xanthines လို့ခေါ်တဲ့ အန္တရာယ်ဖြစ်စေတဲ့ အစိတ်အပိုင်းတွေအများကြီးပါဝင်ပါတယ်...။ သူက အာရုံကြောဖွဲ့စည်းမှုနဲ့ ဆီးလမ်းကြောင်းဖွဲ့စည်းမှုကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် နှလုံးကြွက်သားတွေကိုလဲ ပိုမိုတက်ကြွစေပြီး နှလုံးတုန်ရင်တုန်စေပါတယ်...။ ဒါကြောင့် သတိထား ဆင်ခြင်သင့်ပါတယ်...။

၅။ စပျစ်သီးခြောက်နဲ့စပျစ်သီးကတော့ တချို့ခွေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ သိရပါတယ်...။ သူ့မှာပါဝင်တဲ့အဆိပ်က ဘယ်လိုအဆိပ်မျိုးလဲဆိုတာမသိပေမဲ့ သင့်ရဲ့ခွေးကိုတော့ မကျွေးမိအောင် ဆင်ခြင်ပေးဖို့လိုပါတယ်တဲ့...။

၆။ ပန်းသီး၊ တရုတ်ဇီးသီး၊ ချယ်ရီသီး၊ မက်မွန်သီး၊ ဇီးသီးတို့ရဲ့ (ပင်စည်၊ အစေ့နဲ့အရွက်တွေ၊ အခွံ) တွေက ခွေးနဲ့ကြောင်တွေအတွက်တော့ အဆိပ်ဖြစ်စေပါတယ်တဲ့...။ သူ့မှာက ဆိုင်ယာနိုက်လို့ခေါ်တဲ့ အဆိပ်ပြင်းဓာတ်တစ်မျိုးပါဝင်တဲ့အတွက် စိုးရိမ်ထိတ်လန့်မှူတွေ ဖြစ်လာနိုင်ပါတယ်...။ နောက်တစ်ချက်အနေနဲ့ကတော့ အသက်ရှူဖို့ခက်ခဲလာပြီး၊ မူးမော်ခြင်းနဲ့ စိတ်ချောက်ခြားမှုကိုဖြစ်စေတဲ့ လက္ခဏာတွေလည်း ပါဝင်ပါတယ်လို့ သိရပါတယ်...။

၇။ ဇာတိပ္ဖိုလ်သီးမှာကတော့ ဘယ်လိုအဆိပ်မျိုးပါဝင်လဲဆိုတာမသိပေမဲ့ ခွေးတွေ၊ ကြောင်တွေအတွက်ကတော့ အဆိပ်အများဆုံးပါဝင်တာဖြစ်လို့ အခန့်မသင့်ရင် သေစေနိုင်ပါတယ်လို့ သိရပါတယ်...။ ဒါကြောင့် သတိထား ဆင်ခြင်ပေးဖို့လိုပါတယ်...။

၈။ အစိမ်းရောင်အစိတ်အပိုင်းရှိတဲ့ ခရမ်းချဉ်သီးပင်တွေမှာလည်း ခွေးနဲ့ကြောင်တွေအတွက် အဆိပ်ဖြစ်စေတဲ့အရာတွေ ပါဝင်နေတယ်လို့ တွေ့ရှိရပါတယ်။ သူ့ရဲ့အရွက်နဲ့ ပင်စည် (အစိမ်းရောင်ရှိတဲ့အစိတ်အပိုင်း) တွေမှာလည်း အဆိပ်တွေပါရှိနေတတ်ပါတယ်တဲ့...။

ကဲ ပါပီလေးတွေ ပူစီလေးတွေရှိရင်တော့ ဒီ article လေးကို မှတ်ထားလိုက်တော့နော် . . .

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။