အေဂျင်စီကနေ နာမည်အရင်းကို သုံးခွင့် ပိတ်ပင်ခံလိုက်ရတဲ့ ထိုင်းမလေး Lisa

တောင်ကိုရီးယား အဆိုတော် BLACKPINK အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ထိုင်းမလေး Lisa ဟာ နာမည်ရင်း ဖြစ်တဲ့ Lisa manobal ဆိုတဲ့ နာမည်  နှင့် Manobal နာမည် ကို ဆက်လက် သုံးခွင့်မရှိတော့ပါဖူး ။


 "Manobal" နာမည် နဲ့ "Lalisa manobal" ဆိုတဲ့ နာမည်နှစ်ခု ကို  clothing category မှာ trademark အနနေဲ့ register လုပ်ထားပြီးကြောင်း YG Entertainment က ကြေငြာထားခဲ့ပါတယ်. 


နာမည် သုံးခွင့်မရှိတာက Lisa က YG  အေဂျင်စီကနေ စာချုပ် သက်တမ်းပြည့်ပြီး ထွက်ခွာမှပါ။ 


Lisa ကိုယ်ပိုင် တစ်ကိုယ်တော် လှုပ်ရှားမှုတွေအတွက်လည်း နာမည်ရင်း ကို သုံးလို့ရမှာ မဟုတ်ပါဖူး။ stage name " Lisa" နဲ့ပဲ နာမည် ရှိနေရမှာ  ဖြစ်ပါတယ်။  


 "Manobal"  နဲ့ Lalisa manobal" နာမည်နှစ်ခုလုံးကို  ဖက်ရှင် လောကမှာ အသုံးပြုကြမှာ ဖြစ်ပြီး  underwear,  mufflers (neck scarves), နဲ့ အခြားသော  ready-made clothing ဒီဇိုင်းတွေ  ထွက်ရှိလာမှာ ဖြစ်ပါတယ်။


  YG ဘက်က ဒါ Lisa နာမည်ရင်းကို သက်သက်ကြီး အသုံးချသလို မျိုး ဖြစ်တယ်  စီးပွားရေး ဈေးကွက်မြင်လို့ ချဲ့ကြတယ်လို့ K Netizens များက ပြစ်တင်ဝေဖန် နေကြပါတယ်။


သူမရဲ့ အောင်မြင်မှု ကလည်း ဒီ အေဂျင်စီကြောင့်  ဖြစ်တည် လာပေမဲ့လည်း ရုန်းထွက်လို့ မရအောင်ပဲ ဖန်တီးကြတယ်လို့ ယူဆကြပါတယ်။ သူမ YG နဲ့ သာ စာချုပ် ပြည့်ပြီး လက်မတွဲ ဖြစ်ရင် ဒီနာမည်ရင်းကြီး ပါ ဆုံးရှံး လိုက်သလို ဖြစ်သွားမှာကြောင့်ပါ။ 

Source - https://www.allkpop.com/article/2020/02/yg-entertainment-registered-lalisa-manobal-and-manobal-as-trademark-in-clothing-category-and-fans-are-anxious


S

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။