ဒါဖတ်ပြီးရင် ထောပတ်သီးအစေ့ကို ဘယ်တော့မှ လွှင့်ပစ်မိမှာ မဟုတ်တော့ဘူး

ထောပတ်သီးကို အစေ့ပါစားဖို့ တွေးကြည့်ဖူးလား ? ပြောရင် သင်ယုံပါ့မလားတော့မသိဘူး။ ထောပတ်သီးတစ်လုံးမှာ အသားထက်စာရင် အစေ့မှာ အာဟာရတွေ ပိုလို့တောင်ပါဝင်နေပါသတဲ့။  ထောပတ်သီးဟာ အာဟာရပြည့်ဝတဲ့အသီးအနှံတစ်မျိုးဖြစ်ပေမယ့် ထောပတ်သီးမှာပါရှိတဲ့ အမိုင်နိုအက်စစ် ၇၀ ရာခိုင်နှုန်းကို အစေ့မှာတွေ့ရှိရပါတယ်။ ထောပတ်သီးအစေ့က သူ့ရဲ့ဆေးဖက်ဝင်အာနိသင်တွေကြောင့် အရသာခါးသက်ပြီး အနံ့ပြင်းပါတယ်။ထောပတ်သီးစေ့ကိုစားသုံးမယ်ဆိုရင် စားလို့တော့ရပါတယ်။ 

ထောပတ်သီးအစေ့ကို စားသုံးမယ်ဆိုရင်တော့ အောက်ပါအကျိုးကျေးဇူး (၅)မျိုး  ရရှိနိုင်ပါတယ်။


၁။ ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပါတယ်

ရောင်ရမ်းမှုတွေဆိုတာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ အချိန်နဲ့အမျှဖြစ်နေတတ်တဲ့ ပြဿနာပါ။ ရောင်ရမ်းမှုဆိုတဲ့နေရာမှာ အရေပြားအပေါ်ယံရောင်ရမ်းမှုတွေကနေ ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမှာရှိနေတဲ့ ကိုယ်တွင်းအင်္ဂါ ကလီစာတွေအထိ နေရာအနှံ့ဖြစ်နိုင်ပါတယ်။ ရောင်ရမ်းမှုဟာ ပြင်းထန်တဲ့အခါ နာမကျန်းဖြစ်တာတွေကနေ နှလုံးရောဂါနဲ့ လေဖြတ်တာတွေအပြင် ကင်ဆာအထိတောင်မှ ဖြစ်နိုင်ပါတယ်။ ထောပတ်သီးအစေ့မှာပါဝင်တဲ့ procyandins နဲ့ catechins တွေဟာ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အကောင်းဆုံး antioxidant တွေပဲဖြစ်ပါတယ်။

၂။ ကင်ဆာကို ကာကွယ်ပေးနိုင်တယ်

ထောပတ်သီးအစေ့ဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့လည်း တွေ့ရှိထားပါတယ်။ Procyanidin Trimmers A, 3-O - caffeoylquinic acid နဲ့ 3-op - coumaroylquinic acid တွေကြောင့် ကင်ဆာရောဂါ နဲ့ အသည်းရောဂါ တွေမှာ 

အထူးကောင်းမွန်တယ်လို့ သိရပါတယ်။


၃။ အစာခြေစနစ်ကို ထောက်ပံ့ပေးတယ်

ထောပတ်သီးအစေ့မှာ အုတ်ဂျုံထက်တောင်မှ ပိုများတဲ့ ပျော်ဝင် အမျှင်ဓာတ်တွေ 

ပါဝင်နေလို့ သင့်ရဲ့ အစာခြေစနစ်ကို ကောင်းကောင်းထောက်ပံ့ပေးနိုင်ပါတယ်။Phenolic compounds တွေ အများကြီးပါလို့ အစာအိမ် အနာတွေ မဖြစ်အောင် နဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ မှို ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

၄။ အသားအရေကို Glow လာစေမယ်

လူတော်တော်များများက ထောပတ်သီးအသား ကိုပဲ အသားအရေအတွက်

ကောင်းတယ်လို့ သိထားကြတာများပါတယ် ။ ထောပတ်သီးရဲ့ အစေ့မှာ ပါဝင်တဲ့ ကော်လာဂျင်တွေနဲ့ antioxidant တွေက အရေပြား တစ်သျှူးတွေကို ပိုအကျိုးရှိစေလို့ အသားအရေတွန့်တာတွေကို ကာကွယ်ပေးပြီး နုပျိုတောက်ပစေပါလိမ့်မယ်။

၅။ အဆီကျပြီး သွယ်လျစေတယ်

အကယ်၍သင့်အနေနဲ့ gym  မှာ အချိန်များစွာအကုန်ခံပြီး ပင်ပင်ပန်းပန်းကြိုးစားနေတာတောင်မှ ဝိတ်မကျဘူးဆိုရင်တော့ ထောပတ်သီးအစေ့ကို စားသုံးကြည့်ဖို့ စဥ်းစားသင့်ပါတယ်။ ထောပတ်သီးအစေ့မှာ ပါဝင်တဲ့ မြောက်များလှစွာသော fiber တွေက သင့်ကို ဗိုက်ပြည့်တင်းနေသလို ခံစားရစေမှာဖြစ်ပြီး အူလမ်းကြောင်းကိုလည်း ကျန်းမာစေတဲ့အတွက် သင့်ကိုအဆီကျပြီး သွယ်လျလာစေမှာပါ။


ဒါဆိုရင်တော့ အနံ့ပြင်းပြီး ခါးသက်တဲ့ ထောပတ်သီးအစေ့ကို ဘယ်လို စားသုံးမလဲဆိုတာလေးပြောပြပါ့မယ်။

ထောပတ်သီးအစေ့ကို ဓားနဲ့ ၄ စိတ် စိတ်ပီး Blender ထဲ ထည့်ကြိတ်ပီး အမှုန့်ပြုလုပ်လိုက်ပါ။ blender မရှိရင် အစေ့ကို ပလက်စတစ်အိတ်ထဲထည့်ပြီး တူနဲ့ ထုပစ်လိုက်လည်း ရပါတယ်။ ရလာတဲ့ အမှုန့်ကိုမှ ဖျော်ရည်ထဲ၊ ဟင်းရည်တွေထဲ ဖြူးပီးသောက်လို့ရပါတယ်။

ချက်ချင်း မသုံးချင်သေးရင်တော့ အစေ့ကို နေလှန်းအခြောက်ခံပြီးမှ အမှုန့်ကြိတ်ပါ။


ဒါပေမဲ့ ဒီနည်းက အနံ့တော်တော် ပြင်းလို့ အချို့တွေက မခံနိုင်ကြပါဘူး။ အဲ့လိုဆိုရင်တော့ ထောပတ်သီးအစေ့နဲ့အတူ ထောပတ်သီး အသားပါထည့်ပြီး အနံ့ အရသာ ပြင်းရှတဲ့ ဘယ်ရီသီး၊ ဟင်းနုနယ်ရွက်၊ နာနတ်သီး စတာတွေ နဲ့အတူ ရောဖျော်သောက်လို့လည်းရပါတယ်။ ငှက်ပျောသီး၊ ကီဝီသီး၊ သစ်တော်သီး၊ 

ပန်းသီး၊ စွံပလွံသီး၊ စပျစ်သီး၊ အုန်းနို့၊ ဂျင်း စတာတွေ ထည့်ပြီးတော့လည်း အစေ့ရဲ့ ပြင်းထန်တဲ့ အနံ့အရသာကို ပျောက်အောင် ရောဖျော်နိုင်ပါသေးတယ်။


ဒီလောက်ဆိုရင် ထောပတ်သီးစားတဲ့အခါ အစေ့ကို လုံးဝလွှင့်မပစ်သင့်ဘူးဆိုတာ သိလောက်ပြီထင်ပါတယ်။ တကယ်တော့ ထောပတ်သီးတစ်လုံးရဲ့ ရတနာဟာ ထောပတ်သီးအစေ့သာ ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။


June Nine Aung

WE Media

Ref : eDrugSearch.com 


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။