Coronavirus ကာကွယ်ဆေးကို လပိုင်းအတွင်း ရရှိနိုင်ချေရှိလာ

တရုတ်နိုင်ငံမှစတင်ပြီး နိုင်ငံတကာတွင် ကူးစက်ပျံ့နှံ့နေသည့် Coronavirus အတွက် ကာကွယ်ဆေးကို လက်ရှိတွင် နိုင်ငံတကာမှ ဆေးပညာရှင်နှင့် သိပ္ပံပညာရှင်များက ကြိုးစားရှာဖွေဖော်ထုတ်နေကြသည်။ အင်္ဂလန်နိုင်ငံ၏ နာမည်ကျော် အောက်စဖို့ဒ် တက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးက Coronavirus ကာကွယ်ဆေး ကို လာမည့်လပိုင်းများအတွင်း ရရှိနိုင်ချေရှိကြောင်း ပြောကြားခဲ့သည်။


Image Credit: The Conversation

အဆိုပါသိပ္ပံပညာရှင်မှာ အောက်စဖို့ဒ်တက္ကသိုလ်လက်အောက်ရှိ Jenner Institute တွင် တာဝန်ထမ်းဆောင်နေသည့် ပရော်ဖက်ဆာ Sarah Gilbert ဖြစ်သည်။ လက်ရှိအချိန်တွင် သူမနှင့် Jenner Institute မှ လုပ်ဖော်ကိုင်ဖက်များသည် Coronavirus သစ်ခေါ် COVID-2019 ကူးစက်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရပ်တန့် နိုင်အောင် အားကြိုးမာန်တက် တာဝန် ထမ်းဆောင်နေကြခြင်း ဖြစ်သည်။


Image Credit: Pinterest

ပထဆုံး ဆေး ၁၀၀၀ ကို ဆေးပညာဆိုင်ရာစမ်းသပ်မှုများ ပြုလုပ်ရန်အတွက် အီတလီနိုင်ငံတွင် မကြာမီ ထုတ်လုပ်သွားမည် ဖြစ်သည်။ ကနဦးက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖော်စပ်ရန် ၁၈ လ (၁ နှစ်ခွဲ) အချိန် ယူ ရမည်ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး WHO က ကြေညာခဲ့ဖူးသည်။ ပရော်ဖက်ဆာဂီးလ်ဘတ်၏ အဆိုအရ ဆေးဖော်စပ်ရန် ယူရမည့် အချိန်ကာလသည် အရင်ထက် ပိုမိုလျော့နည်းသွားပြီဖြစ်သည်။


Image Credit: Healthline

ပရော်ဖက်ဆာ ဂီးလ်ဘတ်ကိုယ်တိုင်က ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမြန်မြန်ဖော်စပ်နိုင်ရန် လိုအပ်ကြောင်း၊ ဆေးပညာဆိုင်ရာစမ်းသပ်ချက်အတွက် အချိန်ကိုလည်း လျော့ပေါ့နိုင်ပြီဖြစ်ကြောင်း၊ ကာကွယ်ဆေး မြန်မြန်ရနိုင်ရန် တတ်နိုင်သမျှ ကြိုးပမ်းနေကြကြောင်း ပြောကြားခဲ့သည်။


Image Credit: AP

ဒါ့ပြင် The Express သတင်းဌာနကို ပရော်ဖက်ဆာ ဂီးလ်ဘတ်၏ပြောကြားချက်အရ “ChAdOx1 nCoV-19” ဟု ခေါ်ဆိုသည့် ကာကွယ်ဆေးသည် လပိုင်းအတွင်း အဆင်သင့်ဖြစ်လာမည်ဟု သိရသည်။ အဆိုပါအဓိပ္ပါယ်အရ ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေးသည် ကနဦးက ကြေညာထားသကဲ့သို့ တစ်နှစ်ခွဲမကြာ မြင့်တော့ဘဲ လပိုင်းအတွင်း ရရှိနိုင်တော့မည် ဖြစ်သည်။

Katie Scarlett
We Media
Source: Daily Mail

Original Link: https://www.dailymail.co.uk/health/article-8020887/Coronavirus-vaccine-available-months-claims-Oxford-University-scientist.html?fbclid=IwAR3KvsH8vgt-9aerhmYxT9FqMz_Yny33zsJNdIDptPZuXEVsUAPwfTISqfE

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။