မရမ်းသီးရာသီမှာ စားဖြစ်အောင်စားပါ

 မရမ်းသီးဟာလည်း ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူတိုင်းကြိုက်နှစ်သက်တဲ့ သီးနှံ တစ်မျိုးဆိုလည်းမမှားပါဘူး။ မှည့်ရင်ချိုပြီး မမှည့်ခင်တော့ ချဉ်တဲ့အရသာရှိပါတယ်။ မရမ်းသီးကို ဟင်းချက် စားရမှာလည်းအသုံးဝင်သလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးဖြစ်ထွန်းစေပါတယ်။ ချိုချဉ်အရသာ ရှိတဲ့ မရမ်းသီးကို ငရုပ်သီးနှင့် ငပိရောထောင်းကာ စားရင်ထမင်းမြိန်တဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။

မရမ်းသီးကနေ ရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

( ၁ ) အသားအရေအတွက်ကောင်းမွန်ခြင်း


မရမ်းသီးမှာ ဗီတာမင်စီ များစွာပါဝင်ပါတယ်။ ဗီတာမင်စီဟာ အသားအရေကို ကောင်းမွန်စေနိုင်တဲ့ ကိုလ်လက်ဂျင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကိုလ်လက်ဂျင်းတွေကတော့ အသားအရေး ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး စိုပြေမှုကိုပေးစွမ်းနိုင်ပါတယ်။ 

(၂) အစာချေခြင်းအတွက်ကောင်းမွန်စေခြင်း


မရမ်းသီးထဲက အမျှင်ဓာတ် နဲ့ ရေ ရဲ့ ပေါင်းစပ်လိုက်ခြင်းဟာ အစာချေဖျက်ခြင်းပြဿနာအတွက် ကူညီဖြေရှင်းပေးနိုင်ပါတယ်။ သည့်အပြင် ဝမ်းချုပ်ခြင်းအတွက်လည်း ဖြေရှင်းပေးပါတယ်။ 

(၃) ရေဓာတ်တွေပေးနိုင်ခြင်း


ရေများများသောက်သလိုပါပဲ မရမ်းသီးဖျော်ရည်သောက်ခြင်းဟာလည်း သင့်ကိုယ်ခန္ဓာအတွက် ရေဓာတ်တွေကိုပေးစွမ်းနိုင်နိုင်ပါတယ်။ 

(၄) ဦးနှောက်အတွက် ကောင်းမွန်စေခြင်း


မရမ်းသီးဟာ ဦးနှောက်အတွက် ကောင်းမွန်တဲ့ Beta-Carotene ဓာတ်ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ပရို ဗီတာမင် အေ ဟာ ဦးနှောက် ဆဲလ်တွေကို အသစ်ပြန်လည်ဖြစ်ပွားလာစေနိုင်ပါတယ်။


ကဲ ရာသီပေါ်သီးနှံလေးဖြစ်လို့ စားဖြစ်အောင် စားလိုက်ကြပါဦးနော်. . .

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။