Coronavirus ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး ပရိသတ်တွေဆီ ဆုတောင်းစာပေးပို့ခဲ့တဲ့ ဟွန်ဘင်း

မကြာခင်က ပြီးစီးသွားတဲ့ “Crash Landing on You” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ တဖန်ပြန်လည် ရေပန်းစားနေတဲ့ နာမည်ကျော်တောင်ကိုရီးယားမင်းသားချော ဟွန်ဘင်းဟာ ပရိသတ်တွေဆီ ဆုတောင်း သဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ ပါတယ်။


Image Credit: Pinterest

အဲဒါကတော့ လတ်တလောနိုင်ငံတကာမှာ ပြန့်ပွားနေတဲ့ Coronavirus သစ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေ အတွက် ဆုတောင်းစာကို သူ့ရဲ့အင်ဂျင်စီဖြစ်တဲ့ VAST Entertainment ရဲ့ တရားဝင်လူမှုကွန်ယက် စာမျက်နှာကနေတဆင့် ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။


Image Credit: Pinterest

အဲဒီစာမှာ…

“တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးနိုင်ငံတို့ အပါအဝင် အာရှနိုင်ငံတစ်လွှားနဲ့ တစ်ကမ္ဘာလုံးမှာပါ ကူးစက်ပျံ့နှံ့နေတဲ့ Coronavirus 2019 ကြောင့် တစ်ရက်ပြီးတစ်ရက် စိုးရိမ်ကြောင့်ကြမှုတွေနဲ့  အချိန်ကုန်ဆုံးနေကြရမယ် ထင်ပါ တယ်။ လူကြီးမင်းတို့ နေထိုင်ရာ ဒေသမှာ လုံခြုံမှုရှိမရှိ စိုးရိမ်မိတဲ့ ကျွန်တော့်ရဲ့ပူပန်သောကကို အနည်းဆုံး တော့ အခုလိုစာနဲ့ ဖော်ပြခြင်းဖြင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်လိုပါတယ်။”

“ခက်ခဲတဲ့ကာလတွေမှာ ကျွန်တော်တို့တွ တစ်ယောက်ကိုတစ်ယောက် အားပေးဖေးမပြီး အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ကြ သလိုပဲ အခုဖြစ်ပွားနေတဲ့ Coronavirus 2019 ကပ်ရောဂါကြီးကိုလည်း အမြန်ဆုံးကျော်ဖြတ် သွားနိုင်မယ်လို့ မျှော်လင့်မိ ပါတယ်။”

“Coronavirus တိုက်ဖျက်ရေးအတွက် နေ့ညမပြတ် ကြိုးစားအားထုတ် အလုပ်လုပ်ကိုင်နေကြတာကိုလည်း ကျွန်တော် အသိအမှတ်ပြုလေးစားမိပြီး သူတို့ကိုလည်း အဆုံးအထိအားပေးသွားမှာပါ။ ဒါ့ပြင် ကူးစက်မှုခံစား နေရသူတွေလည်း အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။”

“အဲဒီအပြင် အခုဒီစာကိုဖတ်ရှုနေကြသူတွေ အားလုံးလည်း ဗိုင်းရပ်စ်ကူးစက်ခြင်းကင်းဝေးပြီး လုံခြုံကျန်းမာစွာ နေထိုင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီကပ်ဆိုးကနေလည်း အမြန်ဆုံးကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။


Image Credit: VAST Entertainment

ဟွန်ဘင်းရဲ့ အဲဒီဆုတောင်းစာကို ကိုရီးယားစာတင်မက တရုတ်၊ ဂျပန်နဲ့ အင်္ဂလိပ်၊ စုစုပေါင်း ၄ လေးဘာသာဖြင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။ စာရဲ့အဆုံးမှာတော့ ဖေဖေါ်ဝါရီ ၂၁ ရက်၊ ၂၀၂၀ ပြည့်နှစ် ဆိုတဲ့ ရက်စွဲနဲ့အတူ Hyun Bin နာမည်နဲ့ လက်မှတ်ကိုလည်း ရေးထိုးထားပါတယ်။


Image Credit: Pinterest

Katie Scarlett
We Media
Source: Vast Entertainment & Media

Original Link: https://m.facebook.com/story.php?story_fbid=1634795213328063&id=634282920045969

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။