အပီ Glow ပြီး ကြည်လင်တဲ့ အသားအရေရဖို့ ရှောင်ကြဥ်ရမဲ့ အစားအစာ (၄) မျိုး

ကြည်လင်လှပတဲ့အသားအရေမျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် Skin Care တွေပြုလုပ်နေရုံနဲ့တော့ ရရှိနိုင်မှာမဟုတ်ပါဘူး…။ လှပပြီးကြည်လင်တဲ့ အသားအရေမျိုးရရှိဖို့ဆိုရင် ရှောင်ရမဲ့ အစားအသောက်တွေလည်း ရှိနေပါတယ်နော်…။ ဒီတော့ လှပတဲ့အသားအရေမျိုးရရှိဖို့အတွက် ဘယ်လိုအစားစာတွေကို ရှောင်ရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်…။


သင်ပိုင်ဆိုင်ထားတဲ့အသားအရေကနေလည်း သင့်ရဲ့ကျန်းမာရေးအခြေအနေ တော်တော်များများကို ဖော်ပြနေတာပဲဖြစ်ပါတယ်…။ သင့်အသားအရေက မကြည်မလင် မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်တွင်းမှာလည်း ကျန်းမာရေးကောင်းနေမှာမဟုတ်ပါဘူး…။ ဒါကြောင့် ကျန်းမာရေးလည်းကောင်းပြီး ကြည်လင်လှပတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အသား၊ ငါး၊ အသီးအရွက်နဲ့ ပဲစေ့တွေကို စားသုံးပေးသင့်ပါတယ်…။ ဒီလိုအစားစာတွေကို အသားအရေလှပဖို့အတွက်စားသုံးပေးသင့်သလို အသားအရေကိုပျက်စီးစေတဲ့ ဒီလို အစားအစာတွေကိုလည်းရှောင်ကြဉ်သင့်ပါတယ်နော်…။


၁. ဂျုံနဲ့ပြုလုပ်ထားတဲ့အစားစာတွေ…


     အထူးသဖြင့် ဂျုံနဲ့ပြုလုပ်ထားတဲ့အစားစာတွေနဲ့ မုယောစပါးတွေမှာ Glutem လို့ခေါ်တဲ့ ကစီဓာတ်တွေများစွာပါဝင်နေတာကြောင့် သင့်အသားအရေကို ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်…။ မနက်ပိုင်းအစားစာတွေနဲ့ အဆာပြေအစားစာတွေမှာပဲဖြစ်ဖြစ် ပေါင်မုန့်၊ ကိတ်မုန့်တွေကို ဘယ်လောက်ပဲအရသာရှိနေပါစေ မစားသင့်ပါဘူး…။ ဒီအစားစာတွေက တကယ်ကိုစားချင်စရာ ကောင်းနေပေမယ့်လည်း သင့်အသားအရေအတွက်တော့ ကောင်းကျိုးတွေမရှိပါဘူး…။


၂. ကော်ဖီ…


 တစ်ချို့လူတွေဆိုရင် မနက်ပိုင်းမှာကော်ဖီမသောက်ပဲ မနေနိုင်တဲ့သူတွေလည်းရှိပါတယ်…။ ကော်ဖီမှာ ကဖင်းဓာတ်တွေတင်မကပဲ Tannins လို့ခေါ်တဲ့ ဆိုးဆေးတွေလည်းပါဝင်နေတာကြောင့် သင့်အသားအရေကိုထိခိုက်မှုတွေလည်း ဖြစ်စေနိုင်ပါတယ်…။ ကော်ဖီထဲမှာ ဆိုးဆေးတွေများစွာ ပါဝင်နေခြင်းက သင့်အသားအရေမှာ အရေးအကြောင်းတွေကိုဖြစ်ပေါ်စေပြီး ချွေးပေါက်တွေကိုလည်း ကျဉ်းစေနိုင်ပါတယ်…။ ရေဓာတ်တွေကိုလည်း ခမ်းခြောက်စေနိုင်ပါတယ်…။ ကဖင်းဓာတ်တွေပါဝင်တာတွေကို များစွာသောက်တာများတဲ့အခါမှာ စိတ်ဖိစီးမှုတွေကိုဖြစ်စေပြီး ဝက်ခြံထွက်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်…။


၃. ဆီကြော်မုန့်တွေ…


ကြက်ကြော်တွေ၊ အာလူးချောင်းကြော်တွေ စားတာက အရသာတော့ရှိပေမယ့် ကျန်းမာရေးအတွက်ကောင်းကျိုးတွေတော့ မရှိပါဘူး…။ ဒီလို ဆီကြော်စာတွေကိုများများစားတာက သင့်ကိုအိုမင်းရင့်ရော်စေပြီး အရေပြားမှာရှိနေတဲ့ ဆဲလ်တွကိုလည်း အဆိပ်အတောက်တွေဖြစ်ပေါ်စေနိုင်ပါတယ်…။ သင့်အရေပြားပေါ်မှာ အစက်အပြောက်တွေဖြစ်ပေါ်လာစေတာ၊ အရေးအကြောင်းနဲ့ အသားအရေမွဲခြောက်မှုတွေကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်…


၄. နို့ထွက်ပစ္စည်းတွေ…


နို့ထွက်ပစ္စည်းတွေမှာ ကျား၊ မ မရွေး အကျိုးပြုတဲ့ ဟော်မုန်းဓာတ်တွေပါဝင်နေပေမယ့်လည်း နို့ထွက်ပစ္စည်းတွေကို များများစားသုံးတဲ့အခါမှာ ဝက်ခြံထွက်တာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်…။ နွားနို့တစ်ခွက်မှာ ဟော်မုန်းအမျိုးအစား ၆၀ လောက်ပါဝင်နေတာကြောင့် သင့်အသားအရေကို ခြောက်သွေ့မှုတွေလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်…။ ဒါကြောင့် ကျန်းမာလှပပြီးကြည်လင်တဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နို့ထွက်ပစ္စည်းတွေအစား ပဲနို့လိုအာဟာရဓာတ်တွေများစွာပါဝင်တဲ့ အစားစာတွေကိုပဲ စားသုံးသင့်ပါတယ်ဆိုတဲ့အကြောင်းလေး ပြောရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။

အစွမ်းကုန် Glow နိုင်ကြပါစေ. . .


June Nine Aung

We Media

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။