သင်မသိသေးတဲ့ ကျောက်ပွင့်အကြောင်း

လူအများစုက ကျောက်ပွင့်လို့ထင်ထားကြတဲ့ အခုပုံမှာပြထားတဲ့အရာဟာ တကယ်တော့ သစ်ပင်ပေါ်မှာ ပွင့်တဲ့မှိုပါ။ Snow Fungas လို့ခေါ်သလို Wood Ear လို့လည်းခေါ်ကြပါသေးတယ်။ ကျွန်တော်တို့ဆီမှာတော့ ကျောက်ဆောင်တွေမှာလည်းပွင့်လို့ ကျောက်ပွင့်လို့ခေါ်တာဖြစ်ဖို့များပါတယ်။ အဲဒါကိုလူအများစုက ပင်လယ်ထဲကရတဲ့ ကျောက်ပွင့်လို့ ထင်တတ်ကြပါတယ်။ စားသောက်ဆိုင်တွေမှာလည်း ပင်လယ်စာလိုလို ဘာလိုလိုနဲ့ ဂျင်းထည့်တတ်ကြတယ်။


တကယ်တော့သစ်ပင်ပေါ်၊ကျောက်ဆောင်ပေါ်တွေမှာ ပေါက်တဲ့ မှိုတစ်မျိုးသာဖြစ်ပြီး Seaweed မဟုတ်ပါဘူး။ ကျောက်ပွင့်ဟာ ကြာဆံချက်ထဲ ထည့်ချက်လေ့ရှိကြတဲ့ ကြွက်နားရွက်မှိုနဲ့ အမျိုးတူ မှိုမျိုးစိတ်တစ်ခုပါပဲ။ ကြွက်နားရွက်မှိုကိုလည်း သေချာလေ့လာမယ်ဆိုရင် အမဲရောင်၊အညိုရောင်၊အရောင်ဖျော့ ဆိုပြီး (၃​) မျိုးလောက်တွေ့ရပါတယ်။


ဘာအရောင်ဖြစ်ဖြစ် သူတို့အားလုံးဟာ အာနိသင်တွေ တူညီကြပါတယ်။ အကျိုးအပြုဆုံးကတော့ သွေးကြောတွေထဲကအဆီ ၊အဆိပ် ၊ အနည် နဲ့ အမှိုက်တွေအားလုံးကို ရှင်းပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် သွေးကြောအမှိုက်ရှင်းသမားလို့တောင် ကင်ပွန်းတပ်ကြပါတယ်။ ကျောက်ပွင့်ဟာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်လို့ ချောင်းခြောက်ဆိုးတဲ့အခါမျိုးမှာ စားပေးရင်လည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။


June Nine Aung

We Media

Ref: Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။