Corona ဗိုင်းရပ်စ် ပျံနှံ့ မှုကြောင့် Comeback ရက် နောက်ဆုတ်လိုက်ရတဲ့ BLACKPINK

နာမည်ကြီး တောင်ကိုရီးယား အဆိုတော်အဖွဲ့ BLACKPINK ရဲ့ Comeback ကို မတ်လမှာ ပြုလုပ်သွားမယ်လို့ ဖေဖော်ဝါရီလ က  ကြေငြာထားပြီးဖြစ်ပေမဲ့ လက်ရှိ ကူးစက်ပျံ့နှံ့နေတဲ့ Corona virus ကြောင့် ရက်ကို ရွှေ့ဆိုင်း လိုက်ပြီလို့ ထပ်မံ ကြေငြာထားကြောင်း သတင်းတွေ့ရှိရပါတယ်။ 


BLACKPINK က 2019 နှင့် 2020 တစ်လျှောက်လုံး နိုင်ငံတကာ ဖျော်ဖြေပွဲများစွာ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သလို သီချင်းအသစ် နဲ့ ပြန်လည်ရောက်ထိုးဖောက်လာဖို့ကို အားလုံးက ရက်အကြာကြီး မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။  


YG Ent က BLACKPINK အတွက် 2020 Welcoming Collection Photobook ကိုစတင် ထုတ်ဝေနေပြီဖြစ်ပြီး 2020 မှာ သေချာပေါက် Comeback တော့ လုပ်မှာပါလို့ K Netizens အများပြား ထင်မှတ်ကြပါတယ်။ 


လက်ရှိတောင်ကိုရီးယားမှာ Corona ဗိုင်းရ့က်စ် ကူးစက်ခံနေရသူ ဦးရေ 1,261 ယောက် ရှိနေပြီး သေဆုံးသူ 12 ယောက်ရှိနေပါပြီ။ ဒါကြောင့် ဖျော်ဖြေပွဲတွေကအစ ရက်ကို နောက်ဆုတ်ရွေ့ဆိုင်းထားရပြီး လမ်းတစ်လျှောက်လဲ လူသူသွားလာ ကျဲနေပြီ ဖြစ်တယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။