အဝလွန်ခြင်းကြောင့် ခင်ပွန်းလောင်းရဲ့စွန့်ပစ်မှုကိုခံရပြီးနောက် အလှမယ်ဖြစ်လာသူ

Jennifer Atkin လို့ နာမည်ရတဲ့ ဗြိတိန်အမျိုးသမီးငယ်တစ်ယောက်ဟာ အရမ်းဝလွန်းသူ ဖြစ်တာကြောင့် ခင်ပွန်းလောင်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူမဟာ စိတ်ဓာတ်ကျမသွားခဲ့ဘဲ သူမခံစားခဲ့ရသမျှအတွက် ကောင်းသောကလဲ့စား ချေခြင်းနဲ့ ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုဆိုရင် သူမဟာ ဗြိတိသျှရဲ့ အလှဆုံးအမျိုးသမီးတစ်ယောက်အဖြစ် သရဖူဆောင်းခွင့် ရခဲ့ပါပြီ။


Image Credit: New York Post

တစ်ချိန်က ခန္ဓာကိုယ်အလေးချိန် ၂၄၇ ပေါင် အထိ ဝခဲ့တဲ့ Jen Atkin ဟာ နှစ်နှစ်အတွင်းမှာ ၁၃၁ ပေါင်အထိ ချနိုင်ခဲ့ပြီး အခုဆိုရင် သူမရဲ့ခန္ဓာကိုယ်အလေးချိန်ဟာ ၁၁၂ ပေါင်ပဲ ရှိပါတော့တယ်။ အဲဒီလိုနဲ့ သွယ်လျလှပလာ တဲ့ ဂျန်တစ်ယောက် Miss Great Britain ဆိုတဲ့ အလှမယ်ပြိုင်ပွဲဆီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။


Image Credit: New York Post

အသက် ၂၆ နှစ်အရွယ် ဂျန်ဟာ ၂၀၁၇ ခုနှစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ပွဲမှာတော့ ဖိုင်နယ်အထိ ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က သူမအိမ်ထောင်ပြုပြီးချိန်မှာတော့ အလှမယ်ပြိုင်ပွဲ တွေကနေ အနားယူလိုက်ပါတယ်။ ဒါပေမဲ့ ဂျန်ဟာ သူဟာ အခုနှစ်မှာတော့ Great Britain အတွက် ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ကို ထပ်မံကြိုးစားခဲ့ပါတယ်။


Image Credit: Usa Today Post

Image Credit: The Sun

၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ ၂၁ ရက်၊ သောကြာနေ့မှာတော့ ဂျန်ဟာ Miss Great Britain ရဲ့ သရဖူကို ဆောင်းခွင့်ရသွားပြီး ဗြိတိန်ရဲ့အလှဆုံးအမျိုးသမီးတစ်ယောက်အဖြစ် သက်သေပြလိုက်နိုင်ပါပြီ။ သူမက အခုလို အနိုင်ရခဲ့တာကို မယုံနိုင်လောက်အောင် အံ့သြဝမ်းသာနေပြီး စကားနဲ့တောင်ဖော်မပြနိုင်အောင် ပျော်နေတယ် လို့လည်း ဆိုပါတယ်။


Image Credit: New York Post

ဒါ့ပြင် အခုလို Miss Great Britain အဖြစ် သရဖူရရှိခဲ့ခြင်းဟာ သူမရဲ့ခက်ခဲတဲ့ ခရီးရှည်ကြီးကို အဆုံးသတ်သွားစေပြီး တကယ့် ကို အံ့သြစရာခရီးမျိုး ဖြစ်ခဲ့တယ်လို့လည်း သူမက ဆိုပါတယ်။ သူမ ဝိတ်ချရာမှာ အဓိကကျတဲ့ နည်းလမ်းတွေကတော့ gym ဆော့ခြင်း၊ အစားအသောက်နဲ့ ဝိတ်ချခြင်းတို့ပါပဲ။


Image Credit: The Sun

သူမရဲ့ရည်းစားဟောင်းဖြစ်သူဟာ မင်္ဂလာဆောင်ဖို့အစီစဉ်ဆွဲပြီးမှ သူမကို လမ်းခွဲသွားခဲ့တာ ဖြစ်ပါတယ်။ လမ်းခွဲကာစမှာတော့ သူမရဲ့ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသလို ခံစားခဲ့ရပြီး ရက်ပေါင်းများစွာငိုကြွေးခဲ့မိပါ တယ်။ အစားအသောက်တွေကိုလည်း ထင်သလို စားသောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသိတရား ပြန်ဝင်လာတဲ့ ဂျန်ဟာ သူမကိုယ်သူမ အကောင်းဆုံး ပြောင်းလဲနိုင်ခဲ့ပြီး သူမဘဝလည်း အရင်ကထက် ပိုမို ပျော်ရွှင်လာခဲ့ပါတယ်။


Image Credit: The Sun

Katie Scarlett
We Media
Source: The Sun

Original Link: https://www.thesun.co.uk/fabulous/11038541/woman-crowned-miss-great-britain-shedding-half-body-weight/

ဆက်စပ်ရှာဖွေမှုများ - New York Post


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။