Coronavirus ကူးစက်မှုမှ အတတ်နိုင်ဆုံးကာကွယ်ဖို့ လုပ်ဆောင်ရမယ့် အချက်များ

တရုတ်နိုင်ငံမှစတင်ပြီး နိုင်ငံတကာကို ကူးစက်ပျံ့နှံ့နေတဲ့ Coronavirus ကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ် နေကြပါတယ်။ အခုဆိုရင် ဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ တစ်နေ့ထက်တစ်နေ့ အရှိန်အဟုန် မြင့်တက်လာပါတယ်။ အဲဒါ ကြောင့် မိမိကိုယ်တိုင်ကိုရော သူတပါးကိုပါ COVID-2019 ခေါ် Coronavirus သစ် ကူးစက်ပျံ့နှံ့ခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် လိုက်နာသင်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Image Credit: The Guardian

၁။ အပြင်ကပြန်လာတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။

၂။ ချောင်းဆိုး၊ နှာချေတဲ့အခါ သင့်နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးအုပ်ထားပါ။ ဖုံးစရာတစ်ရှူးမရှိလျှင် သင့်တံတောင် ဆစ်ကွေးနဲ့ ပါးစပ်၊ နှာခေါင်းတို့ကို ဖုံးအုပ်ပြီးမှ ချောင်းဆိုးနိုင်ပါတယ်။

Image Credit: The Guardian

၃။ ချောင်းဆိုး၊ နှာချေတဲ့အခါ ဖုံးအုပ်ဖို့ အသုံးပြုတဲ့ တစ်ရှူးကို လွှင့်ပစ်ပြီး သင့်လက်ကိုလည်း ဆပ်ပြာနဲ့ပြန်ဆေးပါ။

၄။ အတိုင်းအတာတစ်ခုအထိ ကူးစက်မှုကာကွယ်နိုင်ဖို့ နှာခေါင်းစည်းကို အသုံးပြုပါ။ ဒါပေမဲ့ နှာခေါင်းစည်းဟာ သင့်မျက်လုံးနဲ့ နားရွက်တို့ကိုတော့ ကာကွယ်မပေးနိုင်ပါဘူး။

၅။ သင့်အနေနဲ့ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့လို ရောဂါလက္ခဏာတွေ ဖြစ်လာပါက အချိန်မဆွဲဘဲ  ဆေးပညာရှင်ရဲ့ အကူအညီကို ရယူပါ။

၆။ တိရစ္ဆာန်များနဲ့ အကာအကွယ်မဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

Image Credit: The Guardian

၇။ အသားစိမ်း၊ ငါးစိမ်း စားသုံးခြင်း၊ မချက်ပြုတ်ရသေးတဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ စားသုံးမှီဝဲခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

၈။ သင့်အနေနဲ့ မကြာခင်က တရုတ်နိုင်ငံအပါအဝင် ရောဂါကူးစက်ခံနေရသည့် နိုင်ငံများသို့ သွားရောက်ခဲ့ဖူး လျှင် အိမ်ထဲမှာပဲနေထိုင်ပြီး ပတ်ဝန်းကျင်နဲ့ထိတွေ့ခြင်းကို ၁၄ ရက်ခန့် ရှောင်ရှားနေသင့်ပါတယ်။

Katie Scarlett
We Media
Source: The Guardian

Original Link: https://www.theguardian.com/world/2020/feb/25/how-to-protect-yourself-from-coronavirus?fbclid=IwAR00ZYinKM9_OuDJIhLfSRu1hCFNKscpc0aidSiz-Pi4l8cgonUeBxblyjk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။