ဗိုက်ချပ်ချင်ရင် ဒီ (၆) မျိုး ရှောင်ပါ

မိန်းကလေးတွေအတွက် ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်ဖြစ်စေဖို့ကြိုးစားကြတာမှာ ဗိုက်ချပ်ဖို့ကလည်းအရေးကြီးပါတယ်နော်။ဗိုက်ချပ်စေဖို့အတွက်လေ့ကျင့်ခန်းတွေလုပ်နေပြီဆိုရင်တော့ ရှောင်သင့်တဲ့ အစားအစာတွေရှိပါတယ်။အရမ်းကြီးရှောင်ရတာတော့မဟုတ်ပေမဲ့ နည်းနည်းတော့လည်း စားသောက်မှုပုံစံကိုပြောင်းရမှာပေါ့လေ။ဒါမှလည်းပိုပြီးတော့ထိရောက်တာပေါ့။  

ဆီကြော်စာတွေ

လမ်းသွားလမ်းလာရင်းလွယ်လင့်တကူနဲ့ ဝယ်စားတတ်တဲ့အစားအစာမှာပါဝင်ပါတယ်။ဆီကြော်စာတွေမှာတော့ ပြည့်ဝဆီတွေအများအပြားပါဝင်တယ်လေ။ပြည့်ဝဆီတွေဟာ ဦးနှောက်ရဲ့လုပ်ငန်းတွေကို အကျိုးသက်ရောက်မှုရှိတာကြောင့် အစားစားချင်စိတ်ကိုမထိန်းနိုင်တာမျိုးတွေဖြစ်နိုင်ပါတယ်။

ရေခဲမုန့် 

သိကြတဲ့အတိုင်းဘဲရေခဲမုန့်ဆိုတာကတော့ ပုံစံလေးကလည်းချစ်စရာကောင်း အနံ့လေးနဲ့ အရသာလေး ကလည်း ကောင်းမွန်တယ်လေ။အဲ့ဒီတော့နှစ်ခြိုက်မိကြတာပါ။ဒါပေမဲ့လည်းရေခဲမုန့်မှာ သကြားဓာတ်နဲ့ အဆီတွေပါဝင်တာကြောင့် တာ့တာပြနှုတ်ဆက်လိုက်ပါတော့လေ။

ယမကာသောက်သုံးခြင်း

ယမကာသောက်သုံးခြင်းကြောင့် အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေတတ်ပါတယ်။ ဗိုက်ကလေးချပ်နေဖို့အတွက်ကလည်း အစားတွေအရမ်းစားလို့မဖြစ်ဖူးလေနော်။

Mayonnaise

Mayonnise ရဲ့အဆီပါဝင်မှုက ၈၀ တောာင်မှပါနော်။ဒီပမာဏကတော်တော်လေးလည်းများပါတယ်။ဒါကြောင့်မို့ လုံးဝလုံးဝကိုမစားသင့်ပါဘူး။

ပီကေဝါးခြင်း

ပီကေဝါးခြင်းဟာလည်းရှောင်ရမှာပါ။ပီကေဟာ အစာအိမ်ထဲကအက်စစ်ဓာတ်ကိုပိုမိုထုတ်လုပ်ပေးတာကြောင့်  မကြာခဏ ဗိုက်ဆာစေပါတယ်။ပီကေမှာ သကြားဓာတ်လည်းအများအပြားပါဝင်တာကြောင့် ခန္ဓာကိုယ်မှာအဆီတွေပိုတက်လာစေမှာပါနော်။

အသင့်အစားအစာတွေ

 အားလုံးလည်းသိကြတဲ့အတိုင်း အသင့်အစားအစာတွေကတော့ ကယ်လိုရီတွေအများကြီးပါပါတယ်နော်။ အဲ့ဒီတော့ရှောင်ကိုရှောင်သင့်တာပါပဲ။ အသင့်အစားအစာတွေတွေစားတာနည်းလေ သင့်ဗိုက်လေးပိုချပ်လာလေလေပါပဲနော်။

ကဲ ဗိုက်ချပ်ဖို့ဆိုရင်တော့ ဒါလေးတွေတော့ ရှောင်မှ ဖြစ်မှာပါ။ ဘယ်လိုလဲ ? ရှောင်မယ်မဟုတ်လား ?

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။