မျက်နှာနှစ်ခုနဲ့ ချစ်စရာ ကြောင်မလေး သို့မဟုတ် Quimera

ကမ္ဘာပေါ်မှာ ပုံမှန်ထက် ထူးခြားတဲ့ပုံစံလေးတွေနဲ့ လူတွေကို ဆွဲဆောင်ထားတဲ့ ချစ်စရာတိရစ္ဆာန်လေးတွေ ရှိပါတယ်။ အဲဒီထဲမှာ Quimera လို့ နာမည်ရတဲ့ ကြောင်မလေးတစ်ကောင်လည်း အပါအဝင်ပါပဲ။


Image Credit: Instagram/ gataquimera

အဲဒီကြောင် မလေးရဲ့ မျက်နှာဟာ တစ်ခြမ်းက လုံးဝအနက်ရောင်ဖြစ်ပြီး နောက်တစ်ခြမ်းတိတိကတော့ အညိုစင်းလေးတွေ ဖြစ်ပါတယ်။ ဒါ့ပြင် အညိုစင်းဘက်ခြမ်းက မျက်လုံးဟာ အညိုရောင်လေးဖြစ်ပြီး အနက် ရောင် ဘက်ခြမ်းကတော့ အပြာရောင်သန်းပါတယ်။ Quimera ဟာ သူရဲ့ထူးခြားတဲ့ မျက်နှာအရောင်အသွေးကြောင့် လူသိများပါတယ်။


Image Credit: Instagram/ gataquimera

Quimera ဟာ အာဂျင်တီးနားနိုင်ငံက မျက်နှာအသွင်ထူးခြားပြီး ချစ်စရာကောင်းတဲ့ ကြောင်မလေးတစ်ကောင် ဖြစ်ပါတယ်။ အနက်နဲ့အညိုစင်း နှစ်ရောင်စပ်ဒီဇိုင်းကို သူရဲ့မျက်နှာပေါ်မှာတင်မက ခန္ဓာကိုယ်အလယ်ပိုင်းမှာ လည်း တွေ့နိုင်ပါတယ်။ အညိုရောင်နဲ့ အပြာရောင်မျက်လုံးတွေကလည်း တကယ်ကိုလှပတဲ့ ပေါင်းစပ်မှုတစ်ခုပါ။


Image Credit: Instagram/ gataquimera

သူ့ရဲ့ ရင်ဘတ်အောက်ပိုင်းနဲ့ ရှေ့ခြေထောက်မှာလည်း အညိုလွှမ်းတဲ့ အနက်ရောင် အရောင်အသွေးကို လှပစွာ တွေ့မြင်ရ ပါတယ်။ အဲဒီလို ထူးခြားစွာ အရောင်အသွေးပေါင်းစပ်ထားတဲ့ အသွင်ပြင်က Quimera လေးကို ပုံမှန်ထက် ပိုမိုထူးခြားစေတာ ဖြစ်ပြီး လူတွေရဲ့စိတ်ဝင်စားချစ်ခင်မှုကိုလည်း ပိုမိုရရှိစေခဲ့ပါတယ်။


Image Credit: Instagram/ gataquimera

Quimera လိုပဲ နှစ်ရောင်စပ်မျက်နှာပုံစံနဲ့ ကြောင်လေးတစ်ကောင် ရှိပါသေးတယ်။ သူကတော့ Venus ပါ။ သူက Quimera နဲ့ ခပ်ဆင်ဆင်တူပေမဲ့ တကယ်တမ်းကြည့်ရင်တော့ ကွဲပြားချက်လေးတွေ ရှိပါတယ်။


Image Credit: Instagram

Katie Scarlett
We Media
Source: 9gag

Original Link: https://9gag.com/gag/a6N4Pem

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။