အသစ်ထွက်တဲ့ သီချင်း MV နဲ့အတူ ကိုယ်ဝန်ရှိနေကြောင်း အသိပေးလိုက်တဲ့ ကေတီပယ်ရီ

တေးဂီတချစ်ပရိသတ်တွေရဲ့ အချစ်အတော် ကမ္ဘာကျော်အဆိုတော် ကေတီပယ်ရီ (Katy Perry) ဟာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က Music Video အသစ်တစ်ခု ထွက်ရှိလာပါတယ်။ အဲဒီသီချင်းကတော့ “Never Worn White” ဖြစ်ပါတယ်။ အဲဒီဂီတဗီဒီယိုမှာ အထူးခြားဆုံးအချက်ကတော့ ကေတီဟာ သူမကိုယ်ဝန်ရှိနေကြောင်း ကို အသိပေးကြေညာခဲ့တာပါပဲ။


Image Credit: Katy Perry - Trendolizer

ကေတီပယ်ရီဟာ ပထမဆုံးအကြိမ်အဖြစ် ကိုယ်ဝန်ဆောင်တာဖြစ်ပြီး သူမရဲ့ MV အသစ်ဖြစ်တဲ့ “Never Worn White” မှာ ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့အသွင်ကို ထည့်သွင်းရိုက်ကူးခဲ့တာပါ။ အဲဒီသီချင်းဟာ တစ်စုံတစ်ယောက်နဲ့ အချိန်အကြာ ကြီးချစ်ခင်စုံမက်တဲ့အကြောင်းကို သီဆိုထားတဲ့ wedding-themed ballad သီချင်းမျိုးဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီသီချင်းဟာ သူမနဲ့ သူမရဲ့ခင်ပွန်းလောင်းဖြစ်တဲ့ ဟောလိဝုဒ်မင်းသားချော အော်လန်ဒိုဘလွန်း (Orlando Bloom) တို့အကြောင်းကို ရည်ညွှန်းသီဆိုဟန်လည်း တူပါတယ်။


Image Credit: Twitter

ကေတီပယ်ရီနဲ့ အော်လန်ဒိုဘလွန်းတို့ဟာ ၂၀၁၆ ခုနှစ်အစောပိုင်းကတည်းက စတွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၄ ချစ်သူများနေ့မှာ တရားဝင် စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ အသစ်ထွက်ရှိတဲ့ MV နဲ့တကွ သူမတို့ စုံတွဲရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်ကို  အသိပေးခဲ့ပါတယ်။ “Never Worn White” ဟာ သူမတို့စုံတွဲအတွက် တကယ်ကိုအမှတ်ရစရာ သီချင်းတစ်ပုဒ် ဖြစ်မှာ အသေအချာပါပဲ။


Image Credit: Pinterest

ကေတီ့အတွက်တော့ ပထမဆုံးရင်သွေးလေးဖြစ်ပြီး ဘလွန်းအတွက် တော့ ဒုတိယမြောက် ရင်သွေးဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘလွန်းဟာ အရင်အိမ်ထောင်ဖြစ်တဲ့ သြစတြေးလျမိုဒယ် Miranda Kerr နဲ့ သားတစ်ယောက်ထွန်ကားခဲ့ဖူးပါတယ်။ ကေတီ ကတော့ အရင်က အမေရိကန်မင်းသား Russell Brand နဲ့ လက်ထပ်ခဲ့ဖူးပေမဲ့ သားသမီးမရှိခဲ့ပါဘူး။


Image Credit: ShowBox

အင်တာဗျူးတစ်ခုမှာ ကေတီရဲ့အဆိုအရ အခုလိုရင်သွေးရရှိခဲ့ခြင်းဟာ မတော်တဆမဟုတ်ဘဲ နှစ်ယောက်အတူ ရှေ့ဆက် လက်တွဲသွားမယ့် ခြေလှမ်းအသစ်လည်း ဖြစ်ပါတယ်။ ကေတီပယ်ရီဟာ MV အသစ် ထွက်ရှိခဲ့ ပြီးတဲ့နောက်မှာ သူမ ဘယ်လောက်ပျော်ရွှင်မိကြောင်းကိုလည်း Twitter ပေါ်မှာ ရေးတင်ခဲ့ပါသေးတယ်။


Katie Scarlett
We Media
Source: Billboard

Link: https://www.billboard.com/articles/columns/pop/9329097/katy-perry-pregnancy-interview-never-worn-white-video

ဆက်စပ်ရှာဖွေမှုများ - The Sun, MTV, Wikipedia


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။