Coronavirus ကြောင့် သေဆုံးမှုဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမိုများပြား

လေ့လာဆန်းစစ်ချက်တွေနဲ့ ကျွမ်းကျင်ပညာတွေရဲ့အဆိုအရ Coronavirus ကူးစက်ပြီး သေဆုံးမှုဟာ အမျိုးသမီးတွေ ထက်စာရင် အမျိုးသားတွေမှာ ပိုမိုတွေ့ရတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကနေ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တရုတ်သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြတာကတော့ ဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးမှုဖြစ်စဉ်တွေဟာ အမျိုးသမီး ၁.၇ ရာခိုင်နှုန်းပါဝင်ပြီး အမျိုးသားတွေကတော့ ၂.၈ ရာခိုင် နှုန်းအထိ ပါဝင်နေပါတယ်။


Image Credit: Foreign Policy

ကူးစက်ခံရတဲ့ ဖြစ်စဉ်မှာဆိုရင်လည်း အမျိုးသားတွေက ၄.၇ ရာခိုင်နှုန်း ကူးစက်ခံနေရပေမဲ့ အမျိုးသမီးတွေက တော့ ၂.၈ ရာခိုင်နှုန်းသာ ကူးစက်ခံခဲ့ရပါတယ်။ ကျားမခွဲခြားလိုက်မယ်ဆိုရင် အမျိုးသမီးတွေ ကူးစက်ခံရမှုနဲ့ သေဆုံးမှုဟာ အမျိုးသားတွေ ကူးစက်ခံရမှုနဲ့ သေဆုံးမှုထက်စာရင် ထက်ဝက်ပဲ ရှိပါတယ်။

Image Credit: EPA

ကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးသပ်ချက်အရဆိုရင် အမျိုးသားတွေဟာ အမျိုးသမီးတွေ ထက်စာရင် ဆေးလိပ်သောက်သုံးမှုနဲ့ ကြာလရှည်အရက်သောက်သုံးမှုတို့ကြောင့်လို့ ယုံကြည်ထားကြပါတယ်။ နောက်ထပ်သုံးသပ်ချက်တွေအရတော့ အမျိုးသား တွေဟာ နှလုံးနဲ့ဆက်စပ်တဲ့ ရောဂါတွေနဲ့ ဆီးချိုတို့လို ရောဂါ တွေ ပိုအဖြစ်များပြီး ရောဂါကူးစက်ခံရဖို့ ရာခိုင်နှုန်းပိုများတယ် လို့လည်း ဆိုပါတယ်။


Image Credit: Medscape

အဲဒီလိုတွေ့ရှိချက်နဲ့ ပတ်သက်ပြီး တချို့သုတေသနသမားတွေကလည်း အမျိုးသားတွေကို ပိုမိုကူးစက်ခံရခြင်းဟာ ဇီဝဗေဒဆိုင်ရာ အချက်တချို့အပေါ်လည်းမူတည်မယ်လို့ သံသယရှိနေကြပါတယ်။ ဒါပေမဲ့ တရုတ်လို နိုင်ငံမျိုးမှာဆိုရင် တရုတ်အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဆေးလိပ်သောက်သုံးမှု ပိုမိုများပြားတာကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေပိုရှိတတ်ကြပါတယ်။


Image Credit: Business Insider

တစ်ချိန်ကဖြစ်ပွားခဲ့တဲ့ SARS ရောဂါတုန်းကလည်း အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမိုကူးစက်ခံခဲ့တာကို တွေ့ရှိ ခဲ့ကြဖူးပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ University of lowa သုတေသန သမားတွေဟာ SARS ရောဂါကူးစက်ခံထားရတဲ့ ကြွက်အထီးနဲ့အမတွေကို လေ့လာစမ်းသပ်ခဲ့ကြပါတယ်။


Image Credit: Foreign Policy

အဲဒီ မှာ ထူးဆန်းစွာတွေ့ရှိရတာကတော့ ကြွက်အထီးတွေဟာ အမတွေထက် ရောဂါဒဏ်ကို ပိုခံစားခဲ့ရတာပါပဲ။ အဲဒီလို တွေ့ရှိချက်ကြောင့် သုတေသနပညာရှင်တွေအနေနဲ့ အထီးနဲ့အမ ဟိုမုန်းကွာခြားမှုက ဗိုင်းရပ်စ်ကူးစက် ခံရမှုအပေါ် အကျိုးသက်ရောက်စေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။


Image Credit: MSN

ဒါပေမဲ့ Coronavirus ကြောင့် သေဆုံးမှုဟာ ကျား/မ ကွာခြားချက်ထက်စာရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ဆီးချိုတို့လို ရောဂါအခံရှိသူတွေမှာ ပိုမိုတွေ့ရှိရပါတယ်။ ဒါ့ပြင် အဲဒီလိုနာတာရှည်ရောဂါမျိုးတွေဟာ သက်လတ်ပိုင်း အမျိုးသမီးတွေထက်စာရင် သက်လတ်ပိုင်းအမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

Katie Scarlett
We Media
Source: Business Insider    

Original Link: https://www.businessinsider.com/coronavirus-cases-why-more-men-than-women-2020-2

ဆက်စပ်ရှာဖွေမှုများ - The Telegraph, The Independent

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။