
ဆေးနှင့်အစားအစာဆိုင်များကလွဲပြီး တစ်နိုင်ငံလုံးက ဆိုင်တွေကို ပိတ်လိုက်တဲ့ အီတလီနိုင်ငံ
အီတလီနိုင်ငံဟာ အခုလက်ရှိ ဥရောပနိုင်ငံတွေထဲမှာ Coronavirus ကူးစက်ခံရမှုအများဆုံးနိုင်ငံဖြစ်နေပြီး ကမ္ဘာမှာဆိုရင်လည်း တရုတ်နိုင်ငံပြီးရင် ဒုတိယမြောက်ကူးစက်မှုအများဆုံး နိုင်ငံ ဖြစ်ပါတယ်။ Venice Carnival ပွဲတော်ကို နှစ်ပတ်ကျော်ကြာအောင် ကျင်းပပြီးတဲ့နောက်မှာ အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုဟာ အခုလို တဟုန်ထိုး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
(အီတလီနိုင်ငံ၊ Brescia မြို့ရှိ Civile Hospital တွင် Coronavirus ကူးစက်ခံ လူနာများအား ထားရှိသည့်နေရာ တစ်ခုကို တွေ့ရစဉ်၊ ဓာတ်ပုံ - REX)
အခုနောက်ပိုင်းမှာတော့ အီတလီဟာ တစ်နိုင်ငံလုံးကို အဝင်အထွက်ပိတ်ပြီး ကျောင်းတွေကိုလည်း ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ အခုလက်ရှိ အီတလီနိုင်ငံမှာ ရောဂါကူးစက်မှုဟာ ကြောက်စရာကောင်းလောက် အောင် အရှိန်အဟုန်မြင့်တက်လာခဲ့ပြီး သေဆုံးနှုန်းလည်းပိုများလာတာကြောင့် တစ်နိုင်ငံလုံးက စတိုးဆိုင်တွေ၊ ဈေးဝယ်ဆိုင်တွေကိုလည်း ပိတ်လိုက်ပြီ ဖြစ်ပါတယ်။
Image Credit: EPA
အီတလီနိုင်ငံမှာ ဈေးဆိုင်တွေအားလုံးကို ပိတ်လိုက်ပေမဲ့ နိုင်ငံသားတွေအတွက် မရှိမဖြစ်လိုအပ်မယ့် ဆေးဆိုင် တွေနဲ့ အစားအသောက်ရောင်းချတဲ့ ဆိုင်တွေကိုတော့ ဆက်လက်ထားရှိထားပါတယ်။ ဒါ့ပြင် အီတလီနိုင်ငံမှာ အများပြည်သူဆိုင်ရာ ပွဲလမ်းသဘင်တွေကို ဖျက်သိမ်းပြီး ဘောလုံးပွဲတွေနဲ့ အားကစားပွဲအားလုံးကိုလည်း ယာယီဆိုင်းငံ့ထားပါတယ်။
Image Credit: Getty Images
ယခုလက်ရှိ အီတလီနိုင်ငံမှာ COVID-19 ခေါ် Coronavirus ကူးစက်ခံရသူပေါင်း ၁၂,၄၆၂ ဦး ရှိပြီး သေဆုံးသူ မှာ ၈၂၇ ဦးအထိ ရှိလာခဲ့ပါပြီ။ တရုတ်နိုင်ငံက ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှုအများဆုံးဖြစ်ပြီး အီတလီနိုင်ငံ ကတော့ ဒုတိယမြောက်အများဆုံးပါ။ အီတလီနိုင်ငံပြီးရင်တော့ အီရန်၊ တောင်ကိုရီးယားနှင့် ပြင်သစ်နိုင်ငံတို့က ကူးစက်မှုအများဆုံး နိုင်ငံတွေပဲ ဖြစ်ပါတယ်။
Katie Scarlett
We Media
Source: Channel News Asia
Original Link: https://www.channelnewsasia.com/news/world/italy-shuts-stores-across-country-to-fight-coronavirus-12529018
ဆက်စပ်ရှာဖွေမှုများ - Daily Mail, BBC
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။