ဂေါင်ယိုး ၊ ပတ်ဘိုဂမ်းနဲ့ ဆူဇီတို့ အတူပါဝင်လာနိုင်တဲ့ “Wonderland” ရုပ်ရှင်သစ်

တောင်ကိုရီးယားဒါရိုက်တာ Kim Tae Young ရိုက်ကူးမယ့် ကိုရီးယားရုပ်ရှင်သစ် “Wonderland” ကို မကြာခင် စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းမှာ တောင်ကိုရီးယားမင်းသားချော Park Bo Gum နဲ့ Choi Woo Shik, တောင်ကိုရီးယားမင်းသမီးချောတွေ ဖြစ်ကြတဲ့ Suzy နဲ့ Jung Yu Mi တို့ ပါဝင်ကြမှာပါ။


Image Credit: Soompi

ဒါ့ပြင် ပရိသတ်အချစ်တော် တောင်ကိုရီးယားမင်းသားတစ်လက်ဖြစ်တဲ့ Gong Yoo ဟာလည်း ရုပ်ရှင်သစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။ တချို့သတင်းတွေမှာတော့ ဂေါင်ရိုးရဲ့အေဂျင်စီက အဆိုအရ မင်းသား အနေနဲ့ Wonderland ရုပ်ရှင်အတွက် ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


Image Credit: Pinterest

Wonderland ဟာ ဒါရိုက်တာ Kim Tae Young အတွက်တော့ Late Autumn ရုပ်ရှင်ရိုက်ကူးပြီးနောက် ၉ နှစ် အကြာမှာ ပထမဆုံးရိုက်ကူးထုတ်လုပ်မယ့် ရုပ်ရှင်လည်း ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်သစ်ဟာ ဇာတ်ကောင်စရိုက် အမျိုးမျိုးပါဝင်မယ့် ခပ်ဆန်းဆန်းအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ တကယ်လက်တွေ့ဘဝမှာ အတူမဆုံတွေ့နိုင်တော့ တဲ့ ချစ်ရသူတွေ ပြန်လည်ဆုံဆည်းခွင့်ရမယ့် stimulated universe ကို ဇာတ်လမ်းဆင်ပြီး ပုံဖော်ရိုက်ကူးသွား မယ်လို့လည်း သိရပါတယ်။


Image Credit: KStarLive

Wonderland ရုပ်ရှင်သစ်မှာ မင်းသားဂေါင်ယိုး က သေဆုံးသွားပြီဖြစ်တဲ့ ဇနီးသည်ကို လွမ်းဆွတ်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသားအဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပြီး Wonderland မှာ သူ့ဇနီးသည်နဲ့ ပြန်လည် တွေ့ဆုံခွင့်ရဖို့ တောင်းဆိုမှာပါ။ သူ့ဇနီးသည်နေရာကနေ တရုတ်မင်းသမီး Tang Wei က ပါဝင်မှာ ဖြစ်ပါတယ်။


Image Credit: Pinterest

ပတ်ဘိုဂမ်းနဲ့ ဆူဇီတို့ကတော့ လက်တွေ့ဘဝမှာမဆုံဆည်းနိုင်တော့တဲ့ လူငယ်စုံတွဲလေးအဖြစ် သရုပ်ဆောင် သွားမှာပါ။ ပတ်ဘိုဂမ်းသရုပ်ဆောင်မယ့် ဇာတ်ကောင်ဟာ ကိုမာဝင်နေတဲ့ ကောင်လေးဖြစ်ပြီး ဆူဇီကတော့ သူ့ ကောင်လေးနဲ့ ပြန်လည်ဆုံတွေ့ရဖို့ Wonderland မှာ တောင်းဆိုသွားမှာပါ။


Image Credit: Pinterest

Wonderland ရုပ်ရှင်သစ်ဟာ ခပ်ဆန်းဆန်းအချစ်ဇာတ်လမ်းအဖြစ် ဇာတ်အိမ်တည်မယ့်အပြင် ဂေါင်ယိုး ၊ ပတ်ဘိုဂမ်းနဲ့ ဆူဇီတို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်လာမှာ ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားလာမယ့် ဇာတ်လမ်းတစ်ခု ဖြစ်မှာ သေချာပါတယ်။ Wonderland ကို လာမယ့် ဧပြီလမှာ စတင် ရိုက်ကူးတော့မယ်လို့လည်း သိရပါတယ်။

Katie Scarlett
We Media
Source: Soompi

Original Link: https://www.soompi.com/article/1387636wpp/gong-yoo-in-talks-for-film-along-with-park-bo-gum-suzy-choi-woo-shik-and-jung-yu-mi?fbclid=IwAR1YoPPyaZ09ofN9dGOQD64dkiERqeWq1YIws0QzZ6oDodytVxz24X8E9pI

ဆက်စပ်ရှာဖွေမှုများ - Allkpop, My Drama List
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။