ကိုရိုနာဗိုင်းရပ်စ်၊ Contagion ရုပ်ရှင်နှင့် မဟူရာမျက်လုံး

ပထမဆုံးပြောလိုသည်က ယခုအကြောင်းအရာသည် နိုင်ငံခြားသတင်းဌာနများဖြစ်သော Dhaka Tribune, CNN, Times of India နှင့် The Guardian စသော ဌာနကြီးများ၏ မီဒီယာစာမျက်နှာပေါ်မှ အကြောင်းအရာ၊ လေ့လာသုံးသပ်ချက် နှင့် အထောက်အထားများကို အယ်ဒီတာ ကျွန်တော့်၏ အာဘော်နှင့် ပြန်လည်ရောနှောထားခြင်းဖြစ်ပါသည်။


Image Credit - the economic times

SARS, MERS, H1N1, Ebola စသော ဗိုင်းရပ်စ်များထက်ပင် လူသားတို့ကို ခြိမ်းခြောက်လာနေသော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကို လွန်ခဲ့သော ၁၉၈၁ ခုနှစ်က အမေရိကန်စာရေးဆရာ ဒင့်ကွန့်ဇ် ( Dean Koontz ) က သူ၏ The Eye of Darkness ( မဟူရာမျက်လုံး ) အမည်ရှိ ဝတ္ထုတစ်ပုဒ်အတွင်းထည့်သွင်းရေးသားခဲ့သည်။ ဇာတ်လမ်းတွင် ဓာတ်ခွဲခန်းတစ်ခုအတွင်းမှ မတော်တဆလွတ်ထွက်လာသော ဗိုင်းရပ်စ်တစ်မျိုးက လူသားတို့၏ တည်ရှိမှုကို ခြိမ်းခြောက်လာသော စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဇာတ်လမ်းကို အခြေတည်ထားသော နေရာမှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်၏ ဗဟိုချက်ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန့်မြို့ဖြစ်ပြီး ထိုမှတဆင့် အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ကြောက်မက်ဖွယ်ပြန့်နှံ့ပုံကို ရေးသားထားသော ဝတ္ထုဖြစ်သည်။

ထိုဝတ္ထုထဲတွင် တရုတ်ဇီဝသုတေသနပညာရှင်တစ်ဦးဖြစ်သော လီချန်း မှ ဝူဟန်မြို့ပြင်ရှိ RDNA အမည်ရ သုတေသနစခန်းတစ်ခုတွင် ဗိုင်းရပ်စ်သစ်တစ်မျိုးကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီး အဆိုပါဗိုင်းရပ်စ်၏ အမည်မှာ ဝူဟန် ၄၀၀ ဟုခေါ်သည်။

လက်ရှိအခြေအနေနှင့် ထိုဝတ္ထုတို့ တိုက်ဆိုင်ပုံမှာ ထူးဆန်းလွန်းနေပါသည်။ ဇာတ်အိမ်ကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် အခြေတည်ထားခြင်း၊ ထိုဗိုင်းရပ်စ်ကို ဝူဟန် ၄၀၀ ဟုအမည်ပေးထားခြင်းများမှာ တော်ရုံတိုက်ဆိုင်မှုမျိုးမဟုတ်ဟုမြင်ပါသည်။ ဆင်တူရိုးမှားပြုလုပ်ရန်ဆိုသည်မှာလည်း အဆိုပါဝတ္ထုထဲမှ စာသားများ၊ ရုပ်ရှင်မှ scene များမှာ အွန်လိုင်းတွင်ပြန့်နှံ့လျက်ရှိပြီး နာမည်ကျော်သတင်းဌာနကြီးများမှလည်း ထိုအကြောင်းကို ဖော်ပြလျှက်ရှိကြလေသည်။


Image Credit - IMdB

ထိုဝတ္ထုကို Contagion အမည်ဖြင့် မင်းသားကြီး ဂျုဒ်လော ( Enemy at the gates မင်းသား )၊ မတ်ဒေမွန် ( Borne Ultimatum မင်းသား ) နှင့် မင်းသမီး ကိတ်ဝင်းစလက် တို့က ၂၀၁၁ တွင် ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းခဲ့သည်။ ထိုအချိန်က Contagion မှာ ငွေကြေးအရအောင်မြင်သော " ပေါက် " ကားတစ်ကားမဟုတ်ခဲ့ချေ။ သို့သော် ၁၀ နှစ်တာကြာမြင့်ခဲ့ပြီး ယခုကဲ့သို့ သေရေးရှင်ရေးအခြေအနေရောက်မှသာ Contagion ရုပ်ရှင်ကို လူအတော်များများကသတိထားမိလာကြခြင်းဖြစ်သည်။


Image Credit - timesofindia

စာအုပ်ထဲတွင်ပါဝင်သော တစ်ချို့အပိုဒ်များကို တတ်သလောက်မှတ်သလောက် ဘာသာပြန်ရလျှင် ဝတ္ထုထဲရှိ လီချန်း ဆိုသူသိပ္ပံပညာရှင်က  ဆယ်စုနှစ်တစ်ခုအတွင်း အန္တရာယ်အရှိဆုံး နှင့် အရေးအကြီးဆုံး ကူးစက်ရောဂါတစ်ခုနှင့် ပတ်သက်သည့်အချက်အလက်များသိုလှောင်ထားသော Floppy Disc တစ်ခုကို သယ်ဆောင်လာခဲ့သည် ဟူ၏။


Image Credit - timesofindia

နောက်တစ်ချက်အား ဘာသာပြန်ရလျှင် - "ဝူဟန် ၄၀၀ အမည်ရှိဗိုင်းရပ်စ်မှာ အလွန်အစွမ်းထက်သော လက်နက်တစ်မျိုးဖြစ်သည်။ ထိုဗိုင်းရပ်စ်မှာ လူသားများကိုသာ ကူးစက်မည်ဖြစ်ပြီး လူမဟုတ်သော သက်ရှိတို့ကို မကူးစက်ပေ။ ဆစ်ဖလစ်ပိုး ကဲ့သို့ပင် အဆိုပါဗိုင်းရပ်စ်မှာ လူ့ခန္ဓာကိုယ်ပြင်ပတွင် တစ်မိနစ်ထက်ပိုပြီး မနေနိုင်" ဟုရေးသားထားသည်။


Image Credit - timesofindia

နောက်ဆုံးတစ်ချက်မှာ ဗိုင်းရပ်စ်ဖြစ်ပွားရာအချိန်ကို ရေးသားထားခြင်းဖြစ်ပါသည်။ သက္ကရာဇ် ၂၀၂၀ ဝန်းကျင်ခန့်တွင် ပြင်းထန်သော အဆုတ်ရောင်ရောဂါတစ်မျိုးမှာ ကမ္ဘာ့နေရာအနှံ့သို့ကူးစက်လေသည် ဟု ရေးသားထားသဖြင့် ထိုအချက်တစ်ချို့မှာ ကြက်သီးထဖွယ်ပင်ကောင်းနေလေသည်။ Reuters သတင်းဌာနမှ ထိုအချက်များကို ပြန်လည်ရှင်းလင်းထားသော သတင်းတစ်ပုဒ်လည်းရှိပါသည်။ ရှင်းလင်းချက်မှာ ဝတ္ထုထဲတွင် ပြောထားသလို COVID-2019 မှာ မွေးထားသောဗိုင်းရပ်စ်မဟုတ်ခြင်း၊ ထိုဗိုင်းရပ်စ်ကပ်တွယ်လျှင် သေဆုံးနိုင်ချေမှာ ၁၀၀ % ရှိခြင်း၊ ဗိုင်းရပ်စ်ကူးစက်ခံရသူမှာ ၂၄ နာရီထက်ပို မနေနိုင်ခြင်း ဟူသောအချက်များမှာ လက်ရှိဖြစ်နေသော ဗိုင်းရပ်စ်နှင့် ဝတ္ထုထဲမှ ဝူဟန့် ၄၀၀ ဗိုင်းရပ်စ်တို့ ကွာခြားပုံဖြစ်လေသည်။

ထိုအကြောင်းကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ရုပ်ရှင်ကားများတွင် မကြာခဏမြင်ရသော လော့ဂျစ်တစ်ခုရှိသည်။ အထူးသဖြင့် Resident Evil စီးရီးစ်များတွင် တွေ့နိုင်ပါသည်။ ထိုအချက်မှာ T 2000 ဟုခေါ်သော ဗိုင်းရပ်စ်ကို တမင်ပြန့်အောင်လုပ်ပြီး ဆေးဝါးကုမ္ပဏီကြီး Umbrella မှ ဖြေဆေးများကို ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ်ရှာသော အချက်ဖြစ်ပါသည်။ ထိုအချက်သည် ဖြစ်နိုင်မဖြစ်နိုင်ထက် Media များလိုက်နာအပ်သောကျင့်ဝတ် ဖြင့် မညီသောကြောင့် ကျွန်တော်ကိုယ်တိုင်ပင်ပယ်ချပါသည်။ အတွေးတစ်ခုကို ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။ ဒါမှမဟုတ် ဆရာကြီး ဒင့်ကွန့်ဇ် ကိုယ်တိုင်ပင် အကြားအမြင်ရပြီး ထိုဝတ္ထုကို ရေးသားခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

Gabriel

WE Media

Source - CNN

Original Link - https://edition.cnn.com/2020/01/30/entertainment/contagion-and-pandemics-in-movies/index.html

Related Searches - Contagion, The Eye of Darkness, Dean Koontz, Wuhan400, COVID2019







Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။