Netflix မှာ ကြည့်ရှုနိုင်ပြီဖြစ်တဲ့ Kingdom season 2

တောင်ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲ ချစ်သူတွေ စောင့်မျှော်နေကြတဲ့ “Kingdom” ဇာတ်လမ်းရဲ့ season 2 ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်၊ ဒီနေ့မှာ Netflix ကနေ စတင်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ Kingdom ရဲ့ season 1 ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကတည်းက စတင်ထုတ်လွှင့်ပြသခဲ့တာပါ။


Image Credit: Pinterest

Netflix မှာ ရောက်ရှိနေပြီဖြစ်တဲ့ “Kingdom” season 2 မှာ အပိုင်း (၆) ပိုင်း ပါဝင်ပါတယ်။ Kingdom season 2 ဟာ နာမည်ကျော်ရုပ်ရှင် review နဲ့ rating ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Rotten Tomatoes မှာ rating ၈၉ ရာခိုင်နှုန်းအထိ ရရှိနေတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ပရိသတ်တွေ ကြာလရှည်စောင့်မျှော်နေခဲ့ရတဲ့ အဲဒီဇာတ်လမ်းဟာ ကြည့်ရှုနှုန်းအတော်လေးများမယ်ဆိုတာလည်း သေချာသလောက်ပါပဲ။


Image Credit: Netflix

Kingdom ဟာ ပုံမှန်ကြည့်နေကျ အချစ်ဒရမ်မာဇာတ်လမ်းမျိုး မဟုတ်ဘဲ အရင်ခေတ်ကိုနောက်ခံပြီး ရိုက်ကူး ထားတဲ့ သဘာဝလွန်သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ season 2 မှာတော့ တိုင်းပြည်ရဲ့ မငြိမ်သက် နိုင်တဲ့ ထီးနန်းကိစ္စတွေကြားမှာ သူတို့တိုင်းပြည်အတွင်း ထူးခြားဆန်းကြယ်စွာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါဆိုး ကြီးကို တိုက်ထုတ်နိုင်ဖို့အတွက် အိမ်ရှေ့စံမင်းသားဟာ ပြည်သူပြည်သားတွေအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာခဲ့ပါတယ်။


Image Credit: Netflix

“Kingdom” season 2 ကို အရင် season 1 တုန်းကလိုပဲ ဇာတ်ညွှန်းရေးဆရာမ Kim Eun-hee က ဇာတ်ညွှန်း ရေးသားပေးထားပြီး တောင်ကိုရီးယားဒါရိုက်တာ Kim Seong-hun ကပဲ စီစဉ်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်တွေအဖြစ် Ju Ji-hoon, Ryu Seung-ryong, Bae Doona နဲ့ Kim Sung-kyu တို့က ဆက်လက်ပါဝင်ထားကြပါတယ်။


Image Credit: Dramabeans

“Kingdom” season 2 မှာ တောင်ကိုရီးယားမင်းသားချော Ju Ji-hoon က အိမ်ရှေ့စံမင်းသား Lee Chang ၊ မင်းသမီး Bae Doona က အမျိုးသမီးသမားတော် Seo-bi နဲ့ မင်းသား Ryu Seung-ryong က အမတ်ကြီး Cho Hak-ju အဖြစ် ဆက်လက်သရုပ်ဆောင်ထားကြပါတယ်။


Image Credit: Pinterest

ဒီနေ့ကစပြီး Netflix မှာ ကြည့်ရှုနိုင်နေပြီဖြစ်တဲ့ “Kingdom” season 2 ဟာ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူ ကျနိုင်မလား၊ အရင် season 1 တုန်းကလို ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိနိုင်မလား ဆိုတာ ကတော့ ဆက်လက်စောင့်ကြည့်ကြရမှာပါပဲ။


Image Credit: Pinterest


Katie Scarlett
We Media
Source: Netflix life

Original Link: https://netflixlife.com/2020/03/12/kingdom-season-2-coming-netflix-tonight/

ဆက်စပ်ရှာဖွေမှုများ - Express UK, Netflix, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။