မကြာခဏ ဝမ်းချုပ်နေရလို့ စိတ်ညစ်နေသူများအတွက်

အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက ဝမ်းသွားတဲ့လုပ်ငန်းဆောင်တာကို ပိုမိုကောင်းမွန်စေပါတယ်။
ဝမ်းချုပ်တာကိုသက်သာစေမယ့် အစားစာလေးတွေကတော့ 

၁. ထောပတ်သီး

 

ထောပတ်သီးကို ဆားလေးအနည်းငယ်နဲ့ တို့စားပေးပါ။ ထောပတ်သီးကို အတုံးခပ်သေးသေး လေးတုံးပြီး ဆားနဲ့ တို့စားနိုင်သလို ထောပတ်သီးဖျော်ရည်ထဲကိုလည်း ဆားအနည်းငယ်ထည့်ပြီး စားသုံးနိုင်ပါတယ်။ ထောပတ်သီးမှာအမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကိုလည်း ပုံမှန်ဖြစ်စေပါတယ်။


၂. ဗာဒံစေ့

 

ဗာဒံစေ့ ကိုနေ့စဉ်သရေစာ အဖြစ်လက်တစ်ဆုပ် စာလောက်ပုံမှန်စားသုံးပေးသင့်ပါတယ်။ ဗာဒံစေ့မှာ အမျှင်ဓာတ်ပေါပေါများများ ပါဝင်တာကြောင့်ဝမ်းကို ပုံမှန်သွားစေပါတယ်။ ဗာဒံစေ့စားသုံးခြင်းက ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီများကိုလည်း ရရှိစေပါတယ်။


၃. စပျစ်သီးခြောက်


 စပျစ်သီးခြောက်မှာ အမျှင်ဓာတ်တွေအံ့သြလောက်အောင် များစွာပါဝင်နေပါတယ်။ များပြားတဲ့အမျှင်ဓာတ်တွေက အူလမ်းကြောင်းလှုပ်ရှားမှူကို ကောင်းမွန်စေတာကြောင့် စပျစ်သီးခြောက်ကိုလည်း ထမင်းစား တစ်ဇွန်းလောက် ပုံမှန်စားသုံးပေးသင့်ပါတယ်။


၄. ပဲနို့နဲ့ငှက်ပျောသီး


  ပဲနို့နဲ့ငှက်ပျောသီးကို နေ့စဉ်စားသုံးပေးခြင်းကလည်း ဝမ်းကိုမှန်စေပါတယ်။ ဝမ်းပုံမှန်သွားချင်ရင် မနက်ခင်းတိုင်း ပဲနို့တစ်ခွက်နဲ့ငှက်ပျောသီးတစ်လုံးကို ပုံမှန်စားသုံးပေးခြင်းကလည်း သင့်အတွက်အထောက်အကူပြုစေပါတယ်နော်။