အီတလီနိုင်ငံတွင် Coronavirus ကြောင့် တစ်ရက်တည်း၌ လူသုံးရာကျော်သေဆုံးခဲ့

ပြီးခဲ့သည့် မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့က သတင်းဖော်ပြချက်များအရ အီတလီနိုင်ငံတွင် တစ်ရက်တည်း၌ Coronavirus ကြောင့် သေဆုံးသူ ၃၆၈ ဦး ရှိခဲ့သည်။ တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဆိုလျှင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် စုစုပေါင်း ၁၈၀၉ ဦးတွင် နောက်ထပ် ၃၆၈ ဦး တိုးလာ ခြင်းကြောင့် လက်ရှိအချိန်အထိ ၂၀၀၀ ကျော်သွားပြီ ဖြစ်သည်။


Image Credit: Medical Xpress

အဆိုပါအရေအတွက် တရုတ်နိုင်ငံပြင်ပတွင် သေဆုံးဦးရေ၏ တစ်ဝက်ကျော် ရှိနေသည်။ ယခုလက်ရှိအချိန် အထိ အီတလီနိုင်ငံတွင် ရောဂါကူးစက်ခံရသူအရေအတွက်မှာ ၂၇၉၈၀ ဦး ရှိပြီး သေဆုံးသူ ၂၀၀၀ ကျော်နေပြီ ဖြစ်သည်။ အီတလီသည် လက်ရှိတွင် ဥရောပနိုင်ငံများတွင် Coronavirus ကူးစက်ခံရမှုအများဆုံး နိုင်ငံ ဖြစ်သလို တစ်ကမ္ဘာလုံးတွင်လည်း တရုတ်နိုင်ငံပြီးလျှင် ဒုတိယမြောက် ကူးစက်မှုအများဆုံးနှင့် သေဆုံးနှုန်း အများဆုံး လည်း ဖြစ်သည်။


(အီတလီနိုင်ငံ၊ Lombardy ဒေသ Brescia ဆေးရုံ၏ အရေးပေါ်ဌာနပြင်ပရှိ ယာယီအရေးပေါ်အနေအထားကို တွေ့မြင်ရစဉ်၊ မတ် ၁၃၊ ၂၀၂၀။ ဓာတ်ပုံ - AFP)

အီတလီနိုင်ငံ၊ မီလန်မြို့တော်ဝန်းကျင်က လူနေထူထပ်သည့် Lombardy သည် ကူးစက်ခံရမှုအဆိုးရွားဆုံး ဒေသဖြစ်ပြီး အဆိုပါဒေသတစ်ခုတည်းတွင် သေဆုံးသူ ၁၂၁၈ ဦး ရှိခဲ့သည်။ Lombardy ဒေသ၏ governor ဖြစ်သူ Attilio Fontana က အီတလီနိုင်ငံ မြို့တော်အနီးတဝိုက် ဧရိယာများ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာ ကြောင်း ထုတ်ပြောခဲ့သည်။


Image Credit: Getty Images

အီတလီနိုင်ငံသည် ဥရောပတွင် သက်ကြီးရွယ်အိုဦးရေ အများပြားဆုံးဖြစ်ပြီး အသက် ၆၅ နှစ်နှင့် အထက် လူကြီးများ အများအပြားနေထိုင်လျက်ရှိသည်။ ယခုလက်ရှိဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် သေဆုံးမှုသည်လည်း မူလရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများတွင် ပိုမိုတွေ့မြင်ရသည်။

Katie Scarlett
We Media
Source: Channel News Asia

Original Link: https://www.channelnewsasia.com/news/world/coronavirus-covid-19-italy-death-toll-12540988?fbclid=IwAR0a_Italy%20hit%20by%20368%20new%20coronavirus%20deaths,%20hospitals%20in%20crisis6S7CbJI1X1YTEJh2_xCQ3ABmqvi8J1kZlqNK_0HMM5lbm1aAh7LI0

ဆက်စပ်ရှာဖွေမှုများ - The Straits Times

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။