ဇနီးမသိအောင် နောက်မိန်းမနဲ့ အီတလီကိုသွားရာကနေ Coronavirus ကူးခဲ့တဲ့ အမျိုးသား

ယူကေက အမျိုးသားတစ်ယောက်ဟာ အီတလီနိုင်ငံကနေ ပြန်လည်ရောက်ရှိလာပြီးနောက်မှာ Coronavirus ကူးစက်ခံလိုက်ရတာကြောင့် ဆေးရုံတက်ရောက်ကုသနေရပါတယ်။ ဒါပေမဲ့ သူဟာ နေမကောင်းဖြစ်နေတာကို စိုးရိမ်တာထက် သူ အီတလီသွားခဲ့တယ်ဆိုတာကို ဇနီးဖြစ်သူသိမှာ ပိုကြောက်နေပါတယ်။ အကြောင်းအရင်းက တော့ ရယ်ရမလို၊ ငိုရမလိုပါပဲ။

အမှန်တော့ အဲဒီအမျိုးသားဟာ သူ့ဇနီးမသိအောင် တခြားမိန်းတစ်ယောက်နဲ့အတူ အီတလီကို အလည်အပတ် ခရီးထွက်ခဲ့တာ ကြောင့်ပါပဲ။ အဲဒီအကြောင်းကို The Sun UK ကနေ သတင်းရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။


Image Credit: Pinterest

အမည်မဖော်ပြထားတဲ့ အသက် ၃၀ ကျော်အရွယ် အဲဒီအမျိုးသားဟာ အလုပ်အကိုင်ကောင်းကောင်းရှိပြီး ကြွယ်ဝချမ်းသာသူ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ တခြားမိန်းမတစ်ယောက်နဲ့ အီတလီကို အလည်ရောက် နေချိန်မှာ သူ့ဇနီးကတော့ သူ့ယောကျာ်းဟာ ယူကေအတွင်းမှာပဲ အလုပ်ကိစ္စခရီးထွက်နေတယ်လို့ သိထားခဲ့ တာ ဖြစ်ပါတယ်။


Image Credit: Pinterest

အဲဒီအမျိုးသား အိမ်ပြန်ရောက်လာချိန်မှာတော့ coronavirus ရဲ့ရောဂါလက္ခဏာတွေ စပြလာပြီး ရောဂါကူးစက် ခံထားရကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဆေးရုံရောက်ရှိချိန်မှာတော့ သူက ဆရာဝန်တွေကို အမှန်အတိုင်း ဝန်ခံခဲ့ပါတယ်။ သူနောက်မိန်းမတစ်ယောက်နဲ့ အီတလီနိုင်ငံကို သွားရောက်မိခဲ့ကြောင်းနဲ့ သူ့ဇနီးသိမှာကို စိုးရိမ်တဲ့ အကြောင်းတို့ပါပဲ။


Image Credit: Pinterest

ထွက်ရှိလာတဲ့ သတင်းအရင်းအမြစ်တွေအရ အဆိုပါအမျိုးသားဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေထက် သူ့ရဲ့ ဇာတ်ရှုပ်ကို ဇနီးဖြစ်သူသိရှိသွားမှာ ပိုစိုးရိမ်နေတယ်လို့ ဆိုပါတယ်။ သူ့မှာ COVID-19 ရှိနေတာကြောင့် ဇနီးသည် ဟာလည်း အင်္ဂလန်နိုင်ငံ၊ မြောက်ပိုင်းက သူတို့ရဲ့အဖိုးတန်အိမ်ကြီးမှာ အပြင်မထွက်ဘဲ သီးသန့်ခွဲခြား နေထိုင်ပြီး အခြေအနေစောင့်ကြည့်နေရပါတယ်။

လက်ရှိ ယူကေမှာ Coronavirus ကူးစက်ခံရသူပေါင်း ၂၀၀၀ ကျော်ရှိနေပြီး သေဆုံးဦးရေဟာလည်း ၁၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

Katie Scarlett
We Media
Source: New York Post

Original Link:     https://nypost.com/2020/03/18/cheating-husband-catches-coronavirus-on-trip-to-italy-with-mistress/?fbclid=IwAR3yqwisLkqTC6UTTJzInqNM-bpkpdxbjkLZcUhbAKmsu0_ejN61M33ga0o

ဆက်စပ်ရှာဖွေမှုများ - The Sun UK, Mirror UK, Daily Mail


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။