
“Coronavirus look” မိတ်ကပ် tutorial ကြောင့် အပြစ်တင်ခံနေရတဲ့ မိတ်ကပ်ပညာရှင်
ဆိုရှယ်မီဒီယာ influencer တစ်ယောက်ဖြစ်တဲ့ မိတ်ကပ်ပညာရှင် Fatima Aldewan ဟာ “Coronavirus mask” beauty tutorial လုပ်ထားတဲ့ ဗီဒီယိုကို အွန်လိုင်းပေါ်တင်ခဲ့တာကြောင့် အခုဆိုရင် အတော်လေးအပြစ်တင် ဝေဖန်ခံနေရပါတယ်။
Image Credit: New Flash via Daily Mail
သူမဟာ နှာခေါင်းစည်းတပ်ထားရချိန်မှာ မိတ်ကပ်ပြင်ဆင်နည်းဆိုတဲ့ tutorial ကို တင်ခဲ့ပြီးနောက်မှာ ကမ္ဘာ့ ကပ်ရောဂါအဖြစ် သတ်မှတ်ခံထားရတဲ့ COVID-19 ကို သရော်သလိုဖြစ်နေတယ်လို့ စွပ်စွဲခဲ့ရတာ ဖြစ်ပါတယ်။ ယူအေအီးမှာနေထိုင်တဲ့ အီရတ်အမျိုးသမီး Fatima Aldewan ဟာ မိတ်ကပ်မလိမ်းပြခင်မှာ coronavirus ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ပုံကို အရင်ပြခဲ့ပါတယ်။ ပြီးမှ မိတ်ကပ်ပြင်ပြခဲ့တာပါ။
Image Credit: New Flash via Daily Mail
သူမကတော့ အခုလို Coronavirus Look မိတ်ကပ်ကျူတိုရီရယ်ကို သူ့ရဲ့ follower များစွာက တောင်းဆိုခဲ့တာ ကြောင့် အခုလို ပြင်ဆင်ပြခဲ့တာပါလို့ ဖြေရှင်းချက်ထုတ်ထားပါတယ်။ သူမဟာ အဲဒီဗီဒီယိုမှာ နှာခေါင်းစည်း တပ်ထားချိန်မှာ အပေါ်လွင်ဆုံးဖြစ်မယ့် မျက်လုံးကို အဓိကပြင်ဆင်ခြယ်သပြခဲ့တာ ဖြစ်ပါတယ်။
Image Credit: New Flash via Daily Mail
သူမရဲ့ မိတ်ကပ် tutorial ဗီဒီယိုကို ကြည့်ရှုသူပေါင်း ၇၆,၀၀၀ ကျော် ရှိခဲ့ပြီး ဆိုရှယ်မီဒီယာအသုံးပြုသူများစွာ က ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ဒီရောဂါကြောင့် လူတွေအများကြီး အသက်ဆုံးရှုံးနေရချိန်မှာ သူမကတော့ အခုလို အပျော်သဘောထားနေတယ်ဆိုတဲ့ အပြစ်တင်စကားတွေ ပြောခံခဲ့ရတာပါ။ တချို့ကလည်း “ဒီရောဂါနဲ့ လူတွေ သေနေကြတာကို နည်းနည်းပါးပါး လေးစားသမှုလေးပြပြီး စည်းလေးဘာလေး ထားပါဦး” လို့ ဝေဖန် မှတ်ချက် တွေလည်း ရေးခဲ့ကြပါတယ်။
Image Credit: New Flash via Daily Mail
လက်ရှိ အီရတ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၀၀ ကျော် ရှိနေပြီး သေဆုံးသူလည်း ၁၀ ဦးလောက် ရှိနေ ပါပြီ။ အဲဒီလိုကူးစက်မှုနဲ့ သေဆုံးမှုတွေကြောင့် လူတွေဟာ စိုးရိမ်သောကတွေနဲ့ ဗျာများနေချိန်လည်း ဖြစ်ပါ တယ်။ အဲဒီလိုအချိန်မျိုးမှာ Fatima Aldewan ရဲ့ “Coronavirus Look” မိတ်ကပ် tutorial ဗီဒီယိုဟာ စိတ်ဖိစီး မှုတွေဝင်ပြီး စိုးရိမ်သောက ရောက်နေကြသူတွေအတွက် ပြစ်မှတ်ဖြစ်သွားပုံပါပဲ။
Image Credit: New Flash via Daily Mail
Katie Scarlett
We Media
Source: Daily Mail
ဆက်စပ်ရှာဖွေမှုများ - Youtube
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။