နေမကောင်းဘူးလို့ ခံစားနေရကြောင်း Live လွှင့်ခဲ့တဲ့ Spider-Man မင်းသားလေး

လတ်တလော နိုင်ငံတကာမှာ COVID-19 ကူးစက်ပျံ့နှံ့မှုဟာ နိုင်ငံသားတိုင်းကို စိုးရိမ်သောကတွေ ဖြစ်စေခဲ့ပါ တယ်။ အဲဒီအထဲမှာ နာမည်ကျော်အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ အမေရိကန်နိုင်ငံမှာလည်း COVID-19 ပျံ့နှံ့မှုဟာ ပိုမိုဆိုးရွားလာတာကြောင့် အနုပညာရှင်အတော်များများဟာ အိမ်တွင်းမှာပဲ သီးခြားနေထိုင်နေ ကြပါတယ်။


Image Credit: Twitter

အဲဒီလို အိမ်အတွင်းမှာပဲ self-quarantine အဖြစ် နေထိုင်နေသူတွေထဲမှာ Marvel ရဲ့ Spider-Man မင်းသားလေး Tom Holland လည်း ပါဝင်ပါတယ်။ သူဟာ လက်ရှိအချိန်မှာ အရမ်းနေမကောင်းဖြစ်နေတယ်လို့ ခံစားနေရတယ် လို့လည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


Image Credit: myx

၂၃ နှစ်အရွယ် မင်းသားလေး တွမ်ဟော်လန်ဟာ သူ့ရဲ့တရားဝင် Instagram Live ကနေတဆင့် သူ နေမကောင်း ဖြစ်နေတဲ့ ခံစားနေရကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ COVID-19 ဖြစ်နေတယ် လို့တော့ မထင် ပါကြောင်း၊ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုအားလုံးကို လုပ်ဆောင်ထားကြောင်းကိုလည်း ပြောခဲ့ပါတယ်။

Image result for TOM HOLLAND IS "FEELING REALLY ILL", REVEALS HE'S ON SELF-QUARANTINE

“ကျွန်တော် ဒီနေ့ တော်တော်နေ့လို့မကောင်းဘူးလို့ ခံစားနေရပါတယ်”၊ “ဒါပေမဲ့ Coronavirus ဖြစ်နေတယ်လို့ တော့ မထင်ပါဘူး။ ကျွန်တော် ကြိုတင်ကာကွယ်မှုတွေတော့ လိုလိုမယ်မယ်ပိုလုပ်ထားပါတယ်။ အခု အိမ်ထဲမှာပဲ နေနေတာပါ။ နေမကောင်းဘူးလို့ ခံစားရတာ ဒါပထမဆုံ:ရက်ပါပဲ” လို့ တွမ်ဟော်လန်က သူ့ရဲ့ Instagram မှာ Live လွှင့်ပြီး ပြောခဲ့တာပါ။


Image Credit: Pinterest

“မနေ့ကတော့ အကောင်းပါပဲ။ ဒီမနက်နိုးလာတော့ နည်းနည်းတစ်မျိုးကြီး ဖြစ်နေတယ်၊ ချောင်းလည်းဆိုးတယ်” လို့ သူက ထပ်ပြောထားပါတယ်။ အခုလို Coronavirus ပြန့်ပွားနေတဲ့ ကာလမှာ လူတိုင်းဟာ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်ပြီး စိတ်မသက်မသာ ဖြစ်နေကြတာပါ။ တွမ်ဟော်လန်တစ်ယောက်လည်း စိုးရိမ်စိတ်နဲ့ ဖျားနာ သယောင် ဖြစ်နေဟန်တူပါတယ်။

https://twitter.com/i/status/1241747612140744705

Katie Scarlett
We Media
Source: We Got This Covered

Original Link: https://wegotthiscovered.com/movies/tom-holland-feels-ill-selfisolating/

ဆက်စပ်ရှာဖွေမှုများ - myx.abs, imdb    

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။