မျှော်လင့်ချက်ရောင်ခြည် ပွင့်လန်းလာတဲ့ Hubei

COVID-19 ခေါ် Coronavirus စတင်ဖြစ်ပွား တရုတ်နိုင်ငံ၊ ဝူဟန်မြို့နဲ့ Hubei ပြည်နယ်တို့မှာ ဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်မှုဟာ တဖြည်းဖြည်းအရှိန်အဟုန် လျော့ကျသွားခဲ့ပါပြီ။ အဲဒါကြောင့် ဝူဟန်မြို့နဲ့ Hubei နယ်တို့မှာ မျှော်လင့်ချက်ရောင်ခြည်တွေလည်း သန်းလာခဲ့ပြီ ဖြစ်ပါတယ်။


Image Credit: Gulf News

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလကစလို့ lockdown ချပြီး အဝင်အထွက်ပိတ်ထားခဲ့ရတဲ့ Hubei နယ်ကို အခု နှစ်လကျော်အကြာမှာတော့ အဝင်အထွက် ပြန်ဖွင့်ပေးလိုက်ပါပြီ။ Hubei နယ်က ဒေသခံလူတွေအနေနဲ့ အခု ဆိုရင် အပြင်ကိုထွက်ခွင့် ရသွားကြပြီ ဖြစ်ပါတယ်။


Image Credit: Getty Images

Hubei နယ်မှာ မတ်လ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ကစလို့ ဒေသခံလူပေါင်း သန်း ၆၀ ကို အပြင်ထွက်ခွင့် ပေးလိုက် တာပါ။ အဲဒီလိုအဝင်အထွက် ပြန်ဖွင့်ပေးလိုက်ခြင်းဟာ တရုတ်နိုင်ငံအစိုးရအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကောင်းကောင်းထိန်းချုပ်နိုင်သွားပြီဆိုတာကို ပြသလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တော်တော်များ များကတော့ ဗိုင်းရပ်စ်ဟာ တိတ်တဆိတ်ပျံ့နှံ့နေမှာကို စိုးရိမ်မကင်း ဖြစ်နေကြပါသေးတယ်။


Image Credit: Getty Images

Hubei မှာ lockdown ချထားတာကို ပြန်လည်ဖြေလျော့ပေးလိုက်ပြီ ဖြစ်ပေမဲ့ ဗိုင်းရပ်စ်အဆိုရွားဆုံး ဖြစ်ပွား ပျံ့နှံ့ခဲ့ရာ ဝူဟန်မြို့တော်ကိုတော့ လာမည့် ဧပြီလ ၈ ရက်အထိ အဝင်အထွက်ပိတ်ထားဦးမည် ဖြစ်သည်။ ဒါပေမဲ့ ဝူဟန်မှာ အများပြည်သူပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းကိုတော့ တဖန်ပြန်လည် လည်ပတ်တော့ မည်ဟု တရုတ်နိုင်ငံ၊ သက်ဆိုင်ရာအာဏာပိုင်များက ဆိုသည်။


Image Credit: Reuters

လက်ရှိတွင် Hubei နယ်ရဲ့ ပိတ်ပင်တားမြစ်ချက်များကို ဖြေလျော့လိုက်ပြီ ဖြစ်ပေမဲ့လည်း တရုတ်နိုင်ငံအတွင်း ကို လွတ်လပ်စွာ ခရီးသွားနိုင်တဲ့ သဘောမျိုးတော့ မဟုတ်သေးပါဘူး။ အဲဒီဒေသတွေမှာ ဒေသခံတွေအနေနဲ့ ဟိုဟိုဒီဒီ သွားလာနိုင်ပြီး ပုံမှန်အတိုင်း နေ့စဉ်လုပ်ငန်းဆောင်တာများ ပြန်လည်စတင်နိုင်ပြီ ဖြစ်ပေမဲ့ နိုင်ငံခြား ခရီးသွားလာခွင့်တွေအနေနဲ့ကတော့ risk တွေ ရှိနေပါသေးတယ်။

Katie Scarlett
We Media
Source: NY Times

Original Link: https://www.nytimes.com/2020/03/24/world/asia/china-coronavirus-lockdown-hubei.html

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။