ကမ္ဘာမှာ Coronavirus ကြောင့် ဒုတိယမြောက် သေဆုံးမှုအများဆုံးဖြစ်လာသည့် စပိန်နိုင်ငံ

ယခုလက်ရှိတွင် တရားဝင်ထုတ်ပြန်ထားသည့် စာရင်းများအရဆိုလျှင် စပိန်နိုင်ငံသည်လည်း တရုတ်နိုင်ငံ၏ Coronavirus ကြောင့် သေဆုံးနှုန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ စပိန်နိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၅ ရက် က COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၆၀၀ ကျော်ရှိလာတာကြောင့် စုစုပေါင်းသေဆုံးသူ ၃,၆၄၇ ဦး ရှိသွားခဲ့ပါပြီ။

အဲဒီနှုန်းထားမှာ တရုတ်နိုင်ငံ၏ သေဆုံးမှုအရေအတွက်ကို ကျော်လွန်သွားခဲ့ပြီး ကမ္ဘာပေါ်တွင် အီတလီနိုင်ငံ ပြီးလျှင် Coronavirus ကြောင့် ဒုတိယမြောက်သေဆုံးမှုအများဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။ စပိန်နိုင်ငံတွင် လက်ရှိ ကူးစက်ခံထားရသူ အရေအတွက်မှာ ၄၉,၅၁၅ ဦး ဖြစ်သည်။ တရုတ်နိုင်ငံတွင် လူပေါင်း ၈ သောင်းကျော် ကူးစက်ခံခဲ့ရသော်လည်း သေဆုံးသူအရေအတွက်မှာ ၃,၂၈၇ ဦးသာ ရှိခဲ့သည်။


Image Credit: Getty Images

အီတလီနိုင်ငံတွင်မူ ကူးစက်ခံထားရသူ ၇ သောင်းကျော်နေပြီး သေဆုံးသူအရေအတွက်မှာ ၇,၅၀၃ ဦး ရှိသွားပြီ ဖြစ်ခြင်းကြောင့် လက်ရှိ ကမ္ဘာပေါ်တွင် Coronavirus ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံအဖြစ် နေရာယူထားဆဲ ဖြစ်သည်။

စပိန်နိုင်ငံအနေဖြင့် Coronavirus ကြောင့် သေဆုံးမှုကို မတ်လ ၃ ရက်နေ့မှ စတင်ကြေညာခဲ့ခြင်း ဖြစ်သော်လည်း ၃ ပတ်အတွင်း သေဆုံးသူဦးရေမှာ တဟုန်ထိုးမြင့်တက်လာခြင်းကြောင့် အီတလီနှင့် တရုတ်နိုင်ငံတို့ ထက်ပင် သေဆုံးမှုအရှိန်အဟုန် ပိုကောင်းလာခဲ့သည်။


Image Credit: Daily Mail

လက်ရှိတွင် စုစုပေါင်းသေဆုံးမှုအများဆုံးဖြစ်နေသည့် အီတလီနိုင်ငံသည်ပင် ၃ ပတ်အတွင်း သေဆုံးမှုမှာ ၁၂၀၀ ကျော်သာ ရှိခဲ့သည်။ ယခုနှုန်းထားများအရဆိုရင် စပိန်၏အခြေအနေသည် အတော်လေးစိုးရိမ်ဖွယ် ဖြစ်နေပြီး အချိန်မီမထိန်းချုပ်နိုင်ခဲ့လျှင် အီတလီကို အမှီလိုက်နိုင်ချေ ရှိနေသည်။


Image Credit: Getty Images

အခြားနိုင်ငံအတော်များများကဲ့သို့ပင် စပိန်သည်လည်း ရောဂါစမ်းသပ်စစ်ဆေးမှုနှင့် ကုသမှုတို့အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများတင်မက ရှေ့တန်းမှရင်ဆိုင်နေရသည့် ကျန်းမာရေးဝန်ထမ်းများအတွက် လည်း ကာကွယ်ရေးပစ္စည်း မလုံလောက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ထို့ကြောင့် စပိန်နိုင်ငံအနေဖြင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ပေးကြရန် နိုင်ငံတကာအကူအညီများ တောင်းခံထားပြီ ဖြစ်သည်။

Katie Scarlett
We Media
Source: Daily Mail

Original Link: https://www.dailymail.co.uk/news/article-8151029/Spain-worlds-second-highest-tally-coronavirus-deaths.html

ဆက်စပ်ရှာဖွေမှုများ - Telegraph UK, Worldometers

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။