ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာပေါင်း ၉၃၀၀၀၀ ကျော်လာပြီ ဖြစ်

နေ့စဉ်နှင့်အမျှ ကူးစက်ခံရမှု တဟုန်ထိုးများပြားလာတဲ့ COVID-19 ခေါ် Coronavirus သစ် ကူးစက်ပျံ့နှံ့မှုမှာ ယခုဆိုလျှင် တစ်ကမ္ဘာလုံးတွင် ကူးစက်ခံရသူပေါင်း ၉၃၀,၀၀၀ ကျော်လာခဲ့ပြီ ဖြစ်သည်။ မကြာမီတွင် ၁ သန်း အထိ မြှင့်တက်လာနိုင် ချေလည်း ရှိနေသည်။

Johns Hopkins University ၏ စာရင်းကောက်ခံ ဖော်ပြချက်အရ လက်ရှိတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကူးစက်ခံရသူအရေအတွက်မှာ ၉ သိန်း (၉၃၇,၀၀၀) ကျော် ရှိနေပြီး သေဆုံးသူ ၄၇,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။


Image Credit: CNBC

ကမ္ဘာပေါ်တွင် Coronavirus ကူးစက်မှုဒဏ်ကို အဆိုးရွားအပြင်းထန်ဆုံး ခံစားနေရသည့် နိုင်ငံမှာ အမေရိကန် နိုင်ငံဖြစ်ပြီး ကူးစက်သူ ၂၁၀,၀၀၀ ကျော်နှင့် သေဆုံးသူ ၄၇၀၀ ကျော် ရှိခဲ့သည်။ နယူးယော့ခ်တစ်မြို့တည်း တွင် သေဆုံးမှု ၁၃၀၀ ကျော် ရှိနေသည်။ အမေရိကန်ပြည်ထောင်စုရှိ ဆေးရုံများအနေဖြင့် ကူးစက်ခံလူနာများ အဆမတန်များပြားခြင်းကြောင့် နှာခေါင်း စည်းနှင့် ကာကွယ်ရေးဝတ်စုံများ သန်းနဲ့ချီအောင် လိုအပ်လျက် ရှိသည်။

စပိန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁ သိန်းကျော်သွားခဲ့ပြီး သေဆုံးသူမှာ ၉ ထောင်ကျော် ရှိနေပြီ ဖြစ်သည်။ အီတလီနိုင်ငံ တွင်လည်း သေဆုံး သူ ၁၃,၀၀၀ ကျော်သွားခြင်းကြောင့် ကမ္ဘာပေါ်တွင် COVID-19 ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။

Katie Scarlett
We Media

Source: CNN

Original Link: https://edition.cnn.com/world/live-news/coronavirus-pandemic-04-02-20-intl/index.html?fbclid=IwAR1R9CELESgALMxUzSXTbv53feV2qiAfg13-NNxqsaq_Eo1tRr0tg20WmDY

ဆက်စပ်ရှာဖွေမှုများ - Worldometers, CNBC

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။