ဖိလစ်ပိုင်နိုင်ငံသမ္မတမှ အိမ်အပြင်မထွက်ရ အမိန့်ချိုးဖောက်သူများကို ပစ်သတ်ရန် အမိန့်ပေးမယ်လို့ ခြိမ်းခြောက်

အိမ်အပြင်မထွက်ရ အမိန့်ကိုချိုးဖောက်ပြီး အပြင်ထွက်ခြင်းက ကူးစက်မှုနှုန်းမြင့်မားကာ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများကိုပါ ဝန်ပိုစေတာမို့ အမိန့်ချိုးဖောက်ပါက ပစ်သတ်ရလိမ့်မယ်ဟု ဖိလစ်ပိုင် နိုင်ငံ သမ္မတအနေနဲ့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

နိုင်ငံရဲ့ရောဂါ ကူးစက်နှုန်းကို တာဝန်ရှိသူတွေ လျော့ချဖို့ ကြိုးစားနေချိန်မှာ အားလုံးပူးပေါင်းပါဝင်သင့်တယ်လို့ ဗုဒ္ဓဟူးနေ့ည နိုင်ငံတော်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားသော ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ လမ်းမထက်တွင် အမျိုးသားတစ်ဦးအား တွေ့ရစဉ်။

Image Credit – REUTERS/Eloisa Lopez


ယခုဆိုရင် ဖိလစ်ပိုင်နိုင်ငံမှာ Coronavirus ကြောင့် သေဆုံးသူ (၉၆)ဦးရှိနေပြီး ရောဂါဖြစ်ပွားသူ ဦးရေ (၂,၃၁၁) ယောက် ရှိနေပြီ ဖြစ်သည်။

ရောဂါ အခြေအနေက ပိုမိုဆိုးဝါးလာပြီဖြစ်တဲ့ အတွက် အပြင်မထွက်ကြဖို့ပြောနေရဖြစ်ကြောင်းနှင့် အခက်အခဲများ ကြုံကာ အပြင်မထွက်ရ အမိန့်ကို လွန်ဆန်ပါက ပြန်လည်ခုခံပါက ပစ်သတ်နိုင်တယ်လို့ ရဲနှင့် စစ်တပ်အဖွဲ့ကို ယမန်နေ့က သမ္မတမှ အမိန့်ပေးခဲ့ပါတယ်။


မနီလာမြို့ ဆင်းရဲနွမ်းပါးတဲ့ ဒေသရှိ လူတန်းစားတို့ရဲ့ အစိုးရထောက်ပံ့သော ရိက္ခာ မလုံလောက်မှုအပေါ် ဆန္ဒပြကြတဲ့ ပြည်သူလူထုကို ဖမ်းဆီးချက်များကို သတင်းမီဒီယာတွင် ဖော်ပြချက်များ ပြုလုပ်ခဲ့ပါတယ်။ ထိုဖော်ပြချက်များ အပြီးမှာ သမ္မတပြောကြားခြိမ်းခြောက်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူများကတော့ သမ္မတရဲ့ပြင်းထန်တဲ့ အပြုအမူနဲ့ အပြောဆိုများကို မူးယစ်ကင်းစင် လှုံဆော်ရေးကမ်းပိန်းမှ မူးယစ်ဆေးအသုံးပြု၊ ရောင်းချနေသူများကို ပစ်သတ်ပြီး ကတည်းက ရှုံ့ချဝေဖန်နေလျက် ရှိပါတယ်။ ရဲများမှလည်း မူးယစ်ကင်းစင် လှုံဆော်ရေးကမ်းပိန်းမှ အပြုအမူများသည် ဥပဒေအတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။


Inzali, We media

Ref – Reuters

Source - https://www.reuters.com/article/us-health-coronavirus-philippines-dutert/shoot-them-dead-philippine-leader-says-wont-tolerate-lockdown-violators-idUSKBN21K0AY 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။