အမေရိကန်တွင် COVID-19 ကြောင့် တစ်ရက်တည်းတွင် သေဆုံးသူ ၈၀၀ ကျော် ရှိလာ

အမေရိကန်နိုင်ငံသည် လက်ရှိ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရမှု အများဆုံးနိုင်ငံဖြစ်သကဲ့သို့ ကူးစက်ခံရ သူ ၂ သိန်းကျော်သွားသည့် ပထမဆုံးနိုင်ငံဟုလည်း ဆိုနိုင်သည်။ အမေရိကန်တွင် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၅၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က အမေရိကန်နိုင်ငံတွင် တစ်ရက်တည်းနှင့် COVID-19 ကြောင့် သေဆုံးသူ ၈၈၄ ဦးအထိ မြင့်တက် သွားခဲ့သည်။ အဆိုပါရက်သည် အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုအများဆုံးရက် အဖြစ် စံချိန်တင်သွားခဲ့သည်။ အဆိုပါနှုန်းထားအရဆိုလျှင် အမေရိကန်တွင် ကူးစက်မှုနှင့် သေဆုံးမှုသည် ၃၀ ရာခိုင်နှုန်းခန့်စီ ခုန်တက်သွားခဲ့ခြင်းလည်း ဖြစ်သည်။


Image Credit: US News & World Report

Coronavirus စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံတွင် ကူးစက်ခံရသူူ ၈ သောင်းကျော်ရှိခဲ့ပြီး သေဆုံးသူမှာ ၃၃၀၀ ကျော် ဖြစ်သည်။ ယခုဆိုလျှင် အမေရိကန်နိုင်ငံသည် သေဆုံးမှုအရေအတွက်တွင်လည်း တရုတ်နိုင်ငံကို ကျော်သွားခဲ့ပြီ ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူနှင့် သေဆုံးမှုအရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ ခြင်းကြောင့် ဆေးရုံနေရာမလုံလောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အဆိုပါပြဿနာကို ဖြေရှင်းရန် အတွက် မြက်ခင်းပြင်များ ပေါ်တွင် ယာယီကွင်ပြင်းဆေးရုံများကို ဖန်တီးအသုံးပြုနေကြရသည်။


Image Credit: inquirer

လက်ရှိကမ္ဘာပေါ်တွင် COVID-19 ကူးစက်မှုပေါင်း ၉ သိန်းကျော်သွားခဲ့ပြီး အမေရိကန် တစ်နိုင်ငံတည်းနှင့် ကူးစက်သူ ၂ သိန်း ကျော် ရှိနေပြီ ဖြစ်သည်။ အီတလီနှင့် စပိန်နိုင်ငံတို့တွင်လည်း ကူးစက်မှုအရေအတွက် ၁ သိန်းကျော်သွားခဲ့ပါပြီ။

ကမ္ဘာတစ်ဝန်းလုံးတွင် COVID-19 ကြောင့် သေဆုံးသူအရေအတွက်မှာ ၄၇၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပြီး အီတလီတစ်နိုင်ငံ တည်းတွင် သေဆုံးသူ ၁၃၀၀၀ ကျော် ရှိခဲ့သည်။

Katie Scarlett
We Media

Source: Washington Post

Original Link: https://www.washingtonpost.com/world/2020/03/31/coronavirus-latest-news/?fbclid=IwAR2XpyXreNvYOoE_FOz9NwpQPlOdp9ROhOEmjihOBTxLV9eWwiEWbtpC6M0

ဆက်စပ်ရှာဖွေမှုများ - The Straits Times



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။