ဧပြီ (၈) ရက်နေ့အတွက်ထပ်တိုးလူနာမရှိ၊ ကျန်လူနာ (၁၉) ဦးစလုံးအခြေအနေတည်ငြိမ်

(၇-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၈-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့် လူနာအသစ် (၄၄) ဦး ရှိပါတယ်။


Image Credit - MOHS

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၈-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေတွေအရ  စောင့်ကြည့်လူနာ နဲ့ ဆေးရုံမှာ အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိသူ (၃၃) ဦးရဲ့  ဓာတ်ခွဲနမူနာတွေကို စစ်ဆေး ခဲ့ရာမှာ (၃၃) ဦးလုံးရဲ့ ဓာတ်ခွဲအဖြေများမှာ COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါတယ်။

ဒါ့အပြင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံမှာ  လူနာ (၁)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ လူနာ(၁၂) ဦး၊ မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံမှာ လူနာ(၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှာလူနာ (၁)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့မှာ လူနာ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ ကြီး၊ ပြည်မြို့ကနေ  ဝေဘာဂီအထူးကုဆေးရုံကြီးကို ပြောင်းရွှေ့ဖို့ စီစဉ်နေတဲ့လူနာ (၃)ဦး၊ စုစုပေါင်း (၁၉)ဦးတို့ရဲ့ ကျန်းမာရေးအခြေအနေတွေဟာ တည်ငြိမ် လျက်ရှိတယ်လို့သိရပါတယ်။

Gabriel

WE Media

Source - Ministry of Health and Sports, Myanmar

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။