အသက်(၈၅) နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာသေဆုံး၊ ၁၂ ရက်နေ့မနက်(၆) နာရီကကွယ်လွန်ခြင်းဖြစ်


ဓာတ်ခွဲအတည်ပြုလူနာ (Case-039) ဟာ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် မှာနေထိုင်သူ အသက် (၈၅) နှစ်အရွယ် အမျိုးသားဖြစ်ပြီး (၉-၄-၂၀၂၀) ရက်နေ့မှာ ဖျားခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာတွေ စတင်ခံစားခဲ့ရတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၁၁-၄-၂၀၂၀) ရက်နေ့မှာ  သွားရောက်ပြသခဲ့ရာမှာတော့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲ နမူနာရယူစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါလူနာဟာပြီးခဲ့တဲ့ (၁၄)ရက်အတွင်း ပြည်ပ နိုင်ငံများကို ခရီးသွားလာတဲ့ ရာဇဝင်မရှိခဲ့ဘူးလို့ သိရှိရပြီး ဆီးချိုရောဂါနဲ့ နှလုံးသွေး ကြောကျဉ်းရောဂါအခံရှိကြောင်း လည်း သိရပါတယ်။ လူနာမှာ ဆေးရုံ စတင်တက်ရောက်တဲ့အချိန်မှာ အလွန်မောပန်းနေပြီး သွေးတွင်း အောက်စီဂျင်ဓာတ်လည်း ကျဆင်းနေတာဖြစ်ပါတယ်။ အဆိုပါလူနာကို လိုအပ်တဲ့ ကုသမှုတွေပေးခဲ့ပေမယ့်  (၁၂-၄-၂၀၂၀)ရက်နေ့၊ နံနက် (၆:၀၀) နာရီအချိန်ခန့် မှာ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ နဲ့  နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိခြင်းတို့ကြောင့်ဖြစ်ပါတယ်။

လက်ရှိ (၂၃-၃-၂၀၂၀)ရက်နေ့ကနေ (၁၂-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၉)ဦး တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေကတော့
ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံမှာ (၃)ဦး၊
ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ လူနာ (၂၆)ဦး၊
ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ (၁)ဦး၊
မော်လမြိုင်ပြည်သူ့ဆေးရုံကြီး မှာ လူနာ (၁)ဦး၊
စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စုစုပေါင်း (၃၂)ဦး့ဖြစ်ပြီး လူနာတွေရဲ့ကျန်းမာရေးအခြေအနေက တည်ငြိမ်နေတယ်လို့သိရပါတယ်။ ဝေဘာဂီအထူးကုဆေးရုံကြီးက လူနာ (၁) ဦးကိုတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။

Gabriel

WE Media

Source - Ministry of Health and Sports, Myanmar



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။