တရုတ်နိုင်ငံရဲ့ စစ်မျက်နှာပြင်အသစ်ဖြစ်လာတဲ့ တရုတ်-ရုရှားနယ်စပ်

ခြောက်ပါတ်အတွင်းမှာ အမြင့်ဆုံး Covid-19 အတည်ပြုလူနာတွေ့ရှိပြီးနောက်

ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့တရုတ်နိုင်ငံရဲ့မြောက်ဘက်ဆုံးပြည်နယ်ဖြစ်တဲ့

ဟိုင်လောင်ဂျင်းပြည်နယ်ဟာ Covid-19 ကိုတိုက်ထုတ်ရာ စစ်မြေပြင်အသစ်ဖြစ်လာခဲ့ပါတယ်။


လက်ရှိမှာတော့ တရုတ်နိုင်ငံအနေနဲ့ပြည်ပကပြန်လာသူတွေအနေနဲ့ Covidd-19 ဒုတိယ

လှိုင်းလုံးဖြစ်မှာကို စိုးရိမ်နေကြပြီး နိုင်ငံကို နယ်စပ်တွေကိုပိတ်ပြစ်ဖို့ ဖိအားဖြစ်လာပါတယ်။

တရုတ်နိုင်ငံအတွင်းမှာ မနေ့က Covid-19 အတည်ပြုလူနာ ၁၀၈ ဦးတွေ့ရှိခဲ့ရပြီး ဒီပမာဏဟာ

 Covid-19 အတည်ပြုလူနာ ၉၉ ဦးတွေ့ရှိရတဲ့ ယခင်နေ့ကထက်များပါတယ်။


Photo Credit - Internet

တွေ့ရှိရတဲ့ လူနာတွေထဲမှာ ၉၈ ဦးဟာ ပြည်ပကနေကူးစက်လာသူတွေဖြစ်ပြီး အဆိုပါ ၉၈ဦးထဲမှာ

၄၉ ဦးကတရုတ်လူမျိုးတွေဖြစ်ကာ ရုရှားနဲ့နယ်နိမိတ်ခြင်းထိစပ်နေတဲ့ ဟိုင်လောင်ဂျင်းပြည်နယ်က

ဝင်ရောက်လာသူတွေဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်ကထုတ်ပြန်ထားပါတယ်။

အဆိုပါ လူနာတွေထဲမှာ ၆၁ ဦးက ရောဂါလက္ခဏာမပြသူတွေဖြစ်ကြပါတယ်လို့လည်း ဆိုပါတယ်။


တရုတ်နိုင်ငံမှာ Covid-19 ကူးစက်သူဦးရေစုစုပေါင်း ၈၂၁၆၀ ဦးရှိပြီး သေဆုံးသူဦးရေဟာ

၃၃၄၁ ဦးရှိပြီဖြစ်ပါတယ်။

Phone Khant

We Media


Source - CNA


Original Link - https://www.channelnewsasia.com/news/asia/china-covid-19-coronavirus-cases-imported-12636148?fbclid=IwAR30yDrxdIP8w3sJXOvtLJ7eIOmr5xARh6JyujLRcuJQ8haEZlfO8kQF7hg

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။