သင့်ကို တကယ်အသက်ရှည်စေမဲ့ အစားအစာ (၇) မျိုး

အခုလို ကပ်ရောဂါတွေ ထူပြောနေချိန်မှာ ကျွန်တော်တို့အနေနဲ့  ကျန်းမာရေးကောင်းနေမှ လူ့လောကကြီးထဲမှာ ကျန်းမာစွာနဲ့နေနိုင်မှာဖြစ်ပါတယ် ။ကျန်းမာရေးကောင်းမွန်နေမှ လုပ်ငန်းခွင်ထဲမှာရော၊ ကျောင်းနဲ့ စီးပွားရေးကိစ္စတွေမှာပါ အောင်မြင်မှုတွေနဲ့ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးကောင်းနေစေဖို့အတွက် ကောင်းမွန်တဲ့ အစားအသောက်တွေကိုလည်း ကျန်းမာရေးနဲ့ လျော်ညီအောင်စားသောက်ပေးဖို့ကလည်း အရေးကြီးပါတယ်။

လူ့လောကကြီးထဲမှာ အချိန်ကြာကြာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားချင်တယ်ဆိုရင်တော့ ဒီအစားသောက် (၇) မျိုးကိုတော့ စားပေးဖို့ မမေ့ပါနဲ့နော်။

၁. ကြက်ဥ

     ကြက်ဥမှာ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် ကြွက်သားတွေနဲ့ တစ်ရှူးတွေဖွဲ့စည်းတဲ့အခါမှာ ထောက်အကူဖြစ်စေပါတယ်…။ သင့်အသက်တွေကြီးလာတဲ့အခါမှာ ခန္ဓာကိုယ်မှာလိုအပ်တဲ့ ကြွက်သားတည်ဆောက်မှုတွေ ကျန်းမာနေစေဖို့အတွက် ပရိုတင်းဓာတ်လုံလောက်စွာရရှိနေစေဖို့ လိုအပ်ပါတယ်…။

ဒါကြောင့် ကြက်ဥကိုတစ်နေ့တစ်လုံး ပုံမှန်စားသုံးပေးပါက သင့်ကိုကျန်းမာရေးကောင်းစေပြီး သန်စွမ်းနေစေပါတယ်…။

၂. နွားနို့ နှင့် ဒိန်ချဉ်

     နွားနို့မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေများစွာပါဝင်ပါတယ်…။ နွားနို့နဲ့ ဒိန်ချဉ်မှာ ပိုတက်စီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သွေးလှည့်ပတ်မှုစနစ်ကိုလည်း ကောင်းမွန်စေပါတယ်…။ သင့်ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေကိုလည်း သန်စွမ်းစေပြီး သွားတွေကိုလည်းခိုင်မာစေပါတယ်…။

၃. ဆော်လမွန်ငါး

     ဆော်လမွန်ငါးမှာ Omega 3 fatty အက်စစ်ဓာတ်တွေ များစွာပါဝင်နေပါတယ်…။ Nutrient ဓာတ်တွေက နှလုံးရောဂါဖြစ်ခြင်းနဲ့ သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေတာကြောင့် ဆော်လမွန်ငါးကို နှစ်ပတ်မှာတစ်ခါစားသုံးပေးပါက ကျန်းမာရေးအတွက်လည်းကောင်းပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်…။

၄. သံလွင်ဆီ

     သံလွင်ဆီမှာ ကျန်းမာရေးအတွက် အထောက်အကူပြုနေတဲ့ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သင်နေ့စဉ်စားသုံးနေတဲ့ထဲမှာ သံလွင်ဆီကိုလည်းထည့်ထားသင့်ပါတယ်…။ သံလွင်ဆီကို နေ့စဉ်စားသုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေပါတယ်…။

သွေးတိုးရောဂါကိုလည်းကျဆင်းစေပြီး ခန္ဓာကိုယ်ကိုလည်း အားကောင်းစေပြီး နုပျိုစေပါတယ်…။ ဒါကြောင့် သင်နေ့စဉ်ချက်ပြုတ်စားသောက်နေတဲ့ အစားစာတွေကို သံလွင်ဆီနဲ့ပဲ ချက်ပြုတ်သင့်ပါတယ်…။

၅. ထောပတ်သီး

     တစ်ချို့လူတွေက ထောပတ်သီးမှာ ကိုလက်စထရောတွေများစွာပါဝင်တာကြောင့် စားသုံးတဲ့အခါမှာ ကိုယ်အလေးချိန်တိုးလာစေတယ်လို့ မှတ်ယူထားတတ်ကြပါတယ်…။ တကယ်တမ်းမှာတော့ ထောပတ်သီးမှာ ကိုလက်စထရောအဆင့် အနည်းငယ်သာပါဝင်နေတာပဲဖြစ်ပါတယ်…။

ကိုလက်စထရောအနည်းငယ်သာပါဝင်တဲ့ သစ်သီးတွေကိုစားသုံးတာက ကျန်းမာရေးကောင်းစေဖို့အထောက်အကူပြုနေသလို နှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးထားနိုင်ပါတယ်…။

၆. ခရမ်းချဉ်သီး

     ခရမ်းချဉ်သီးမှာ ပိုတက်စီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေလည်းရရှိနေသလို ကိုယ်အလေးချိန်လျော့ကျစေတဲ့နေရာမှာလည်း အထောက်အကူပြုနေပါတယ်…။ ခရမ်းချဉ်သီးကို နေ့စဉ်စားသုံးတဲ့အခါမှာ အသားအရေကိုလည်းလှပစေသလို ကြွက်သားတွေကိုလည်း သန်မာလာစေပါတယ်…။

နှလုံးအားကိုလည်းကောင်းမွန်လာစေပြီး နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုနေပါတယ်…။

၇. မြေပဲ

     ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ အစားစာတွေတော်တော်များများက ခန္ဓာကိုယ်အတွက် အဆီတွေကိုဖြစ်ပေါ်စေပါတယ်…။ ဒါပေမယ့် မြေပဲမှာတော့ ပရိုတင်းဓာတ်တွေကြွယ်ဝစွာ ပါဝင်နေပေမယ့်လည်း ခန္ဓာကိုယ်အတွက်အထောက်အကူတွေ အများကြီးဖြစ်စေပါတယ်…။ မြေပဲကိုနေ့စဉ်စားသုံးခြင်းက ခန္ဓာကိုယ်မှာရှိနေတဲ့ ကြွက်သားတွေကို အားကောင်းစေပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။