
ပွဲဦးထွက်မှာတင် ကြည့်ရှုနှုန်းစံချိန်တင်သွားတဲ့ လီမင်ဟိုရဲ့ဇာတ်လမ်းတွဲသစ်
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်၊ သောကြာနေ့ညက မင်းသားချောလီမင်ဟိုနဲ့ မင်းသမီးချောလေး ကင်မ်ဂိုအွန်းတို့ ခေါင်းဆောင် ပါဝင်ထားတဲ့ The King: Eternal Monarch ဇာတ်လမ်းတွဲသစ်ကို SBS ရုပ်သံလိုင်းကနေ စတင် ပြသခဲ့ပါတယ်။
Image Credit: Pinterest
ဇာတ်လမ်းရိုက်ကူးဖို့ ကြေညာစဉ်ကတည်းက လူသိများပြီး ပရိသတ်တွေ မျှော်လင့်စောင့်စားခဲ့တဲ့ရတဲ့ အဲဒီ ဇာတ်လမ်းဟာ တောင်ကိုရီးယားမင်းသားချော လီမင်ဟိုအတွက်တော့ စစ်မှုထမ်းကာလပြီးချိန်မှာ ပထမဆုံး အနေနဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ဒါ့ပြင် လီမင်ဟိုနဲ့ Goblin ဇာတ်လမ်းထဲက ပရိသတ် အချစ်တော်မင်းသမီးလေး ကင်မ်ဂိုအွန်းတို့ရဲ့ တွဲဖက်မှုကလည်း ပရိသတ်တွေကို စိတ်ဝင်တစားဖြစ်စေခဲ့ပါတယ်။
Image Credit: Pinterest
အဲဒီဇာတ်လမ်းတွဲဟာ အပြိုင်ကမ္ဘာနှစ်ခုအဖြစ် ခပ်ဆန်းဆန်းဖန်တီးထားတဲ့ စိတ်ကူးယဉ်အချစ်ဒရမ်မာ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ လီမင်ဟိုက ဘုရင်ခေတ်ကိုရီးယားက ဘုရင်လီဂွန်ဖြစ်ပြီး ကင်မ်ဂိုအွန်းကတော့ လက်ရှိခေတ်သစ်ကိုရီးယားနိုင်ငံက စုံထောက်မလေး အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူတို့နဲ့အတူ မင်းသား Woo Do-hwan နဲ့ မင်းသမီးချော Jung Eun-chae တို့လည်း တွဲဖက်ပါဝင်ထားပါတယ်။
Nielsen Korea မှာ ဖော်ပြထားချက်အရဆိုရင် ဧပြီ ၁၇ မှာ ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းရဲ့ ပထမဆုံးအပိုင်းဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ကြည့်ရှုနှုန်းဟာ 10.1 နဲ့ 11.4 ရှိခဲ့ပါတယ်။ အဲဒီနှုန်းထားဟာ SBS ရုပ်သံ လိုင်းအတွက် သောကြာ-စနေည ပြသတဲ့ ဇာတ်လမ်းတွဲတစ်တွဲရဲ့ ပွဲဦးထွက်အပိုင်းအနေနဲ့ အမြင့်ဆုံးအဖြစ် လည်း စံချိန်တင်သွားခဲ့ပါတယ်။
Image Credit: Tweet247
SBS ရုပ်သံလိုင်းအတွက် သောကြာ-စနေည ပြသတဲ့ ဇာတ်လမ်းတွဲတစ်တွဲရဲ့ ပွဲဦးထွက်အပိုင်းအနေနဲ့ အမြင့်ဆုံး rating ရခဲ့ဖူးတဲ့ ဇာတ်လမ်းတွေကတော့ The Fiery Priest (10.4%)၊ Vagabond (10.4%) နဲ့ Hyena (10.3%) တို့ ဖြစ်ပါတယ်။
JTBC က လက်ရှိထုတ်လွှင့်ပြသနေတဲ့ “The World of the Married” ဇာတ်လမ်းဟာလည်း စတင်ပြသစဉ်ကတည်းက တစ်ပိုင်းပြီးတစ်ပိုင်း rating ပိုပိုတိုးလာပြီး ကြည့်ရှုနှုန်းအမြင့်ဆုံးဖြစ်နေတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့ညတုန်းကတော့ ကြည့်ရှုနှုန်းဟာ 0.3 % လောက် လျော့ကျသွားခဲ့ပါတယ်။
Katie Scarlett
We Media
Source: Soompi
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။