စားချင့်စဖွယ်ပြင်ဆင်ကွယ်

Starry Eyed Dessert

ဒီလိုမျိုး ကြယ်တာရာလေးတွေ တလက်လက်တောက်သလို တောက်ပနေတဲ့ ဒိုးနတ်လေးတွေကို ဘယ်သူကများ စားရက်ပါမလဲ … ။
မှန်ဘောင်ထဲပဲထည့်ပြီး သိမ်းထားချင်ကြမှာနော် ..။

Taste the rainbow

ဒီ သက်တံ့လေးတွေကတော့ ၂၀၁၇ ရဲ့ trending အဖြစ်ဆုံးပါတဲ့ခင်ဗျား ...။
ကျောင်းတွေမှာ ကလေးတွေရဲ့ နေ့လည်စာဘူးထဲဖွင့်ကြည့်လိုက်ရင် အမြင်တွေ့ချင်ဆုံး ချစ်စရာအိပ်မက်လေးပေါ့ (လုပ်ပေးရမယ့် မေမေတို့အတွက်ကတော့ အိပ်မက်ဆိုးပဲ ...)။

Rainbow Roll

အရောင်စုံသက်တံ့ ကိတ်အလိပ်လေးကတော့ ကိုယ့်ရဲ့နေ့ခင်းလက်ဖက်ရည်ဝိုင်းလေးကိုပါ တောက်ပသွားစေလိမ့်မယ် …။

Sushi Bowl

နှစ်သက်စရာ ဒီဆူရှီပွဲလေးနဲ့သာဆိုရင်တော့ ဧည့်သည်တွေကိုအချိန်မတန်ခင် ထပြန်မှာ စိုးရိမ်စရာမလိုတော့ဘူးပေါ့ ...။

Super Soup

ရသာစုံ ဂျပန်စတိုင် ရာမန်ခေါက်ဆွဲပြုတ်ရယ် ...၊ ဟင်းခတ်တန်ဆာပလာအစုံရယ် ... ၊နောက်ပြီး ကြက်ဥပြုတ်လေးရယ်။

Blueberry Bliss

နှင်းဖွေးဖွေးရေခဲတောင်နဲ့ ကောင်းကင်ပြာပြာကိုတစ်ဆက်ထဲကြည့်နေရသလိုပဲ …။
သူ့ကိုခွဲခြမ်းမျှဝေပြီး စားဖို့ကတော့ နှစ်ခါပြန်စဉ်းစားရမှာနော် …။

Cookie Cup

ဒေါမနစ် အန်ဆယ်ရဲ့ နို့ကွတ်ကီးလေးတွေကတော့ကိုယ်တွေလို စားပြီးပန်းကန်ဆေးရမှာပျင်းတဲ့သူတွေအတွက် အံကိုက်ပဲ … ။
ပန်းကန်ဆေးစရာမလို ....၊ ဗိုက်ထဲထည့်ပြီးသိမ်းထားလို့ရတယ်လေ ...။

Sushi Donut

I have a Sushi .. I have a Donut … Ahhhh .. Sushi Donut !!!!!

Marvellous Marbling

Olga Noskova ရဲ့ လက်ရာ ..။ ဟော့ဒီ ရောင်ပြန်ဟပ်နေတဲ့ဂေါ်လီလုံးလေးလို ကိတ်မုန့်လေးဟာ အာကာသထဲက ပြုတ်ကျလာတဲ့ အဖိုးတန်သတ္တုလေး တစ်ခုနဲ့တောင်တူသေးရဲ့ …။

Piping Perfection

ညစာစားပြီးချိန်မှာ ဒီလို Pie မုန့်လေးကို အချိုတည်းဖို့လာချပေးရင် မျက်စိထဲမှာ ပင်လယ်ရေအောက်ထဲက ရောင်စုံသန္တာကျောက်တန်းလေးတွေကိုအရင်ပြေးမြင်မိလိမ့်မယ် ….။

SASHIMI MOUNTAIN

တောင်တက်ဝါသနာပါတဲ့သူလား …။ ဒါဆိုရင်သေချာပြီ ..။ ဒီတောင်ကိုတော့ မတက်ပဲနဲ့နေနိုင်မယ်မထင်ပေါင်ဗျာ ..။