စိတ်ရောဂါ ခံစားနေရမှန်း ကိုယ့်ကိုကိုယ် ဘယ်လို သိနိုင်လဲ။

စိတ်ရောဂါရဲ့ အများစုက (၅၀) ရာခိုင်နှုန်းက (၁၄)နှစ် အရွယ်မှာ စတင် ဖြစ်ပွားပြီး ကျန်ရှိတဲ့ သုံးပုံတစ်ပုံကတော့ အသက် (၂၄) အရွယ်မှာ စတင်ဖြစ်ပွားလေ့ရှိပါတယ်။ အဓိက ဖြစ်ပွားတဲ့ ရောဂါတွေကတော့ စိတ်အတက်အကျမြန်တာရှိသလို၊ စိတ်ကစဉ့်ကလျားလည်း ဖြစ်တတ်ပါတယ်။ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင် အရခံစားရတာ ရှိသလို၊ မိသားစု၊သူငယ်ချင်းတွေ အကြား အပြောင်းအလဲသေးသေးလေးတွေ ကတစ်ဆင့် အရင်ကနဲ့ မတူတော့သလို ခံစားရမိနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို မပေါ့ဆနဲ့တော့နော်။

(၁) အိပ်ချိန်၊စားချိန် မမှန်တော့ဘူး - တစ်နေ့တစ်နေ့လည်း အိပ်ချိန်မှာဆို မျက်လုံးကြောင်နေတာတွေဖြစ်ပြီး စားရမယ့် အချိန်ဆို ဘာမှစားမဝင်တော့ဘူး။ စားဖို့လည်း စိတ်မပါတော့ဘူးဖြစ်နေရင်။

(၂) အခု ပျော်လိုက်၊ ခဏနေ ဘဝကြီးက အဓိပ္ပာယ်မရှိတော့ သလို စိတ်ဓာတ်ကျလိုက်နဲ့ စိတ်အပြောင်းအလဲ ခဏခဏဖြစ်နေရင်။

(၃) ဘာမှစိတ်မပါတော့ဘူး - အရင်က ကိုယ်ဝါသနာပါခဲ့တဲ့ အရာတွေ၊ ပျော်ရွှင်ခဲ့တာတွေလည်း မလုပ်ချင် မကိုင်ချင်တော့ဘူးဖြစ်နေရင်။


(၄) လုပ်ဆောင်ရည်ကျလာမယ် - အရင်က ကိုယ်ထူးချွန်တဲ့အလုပ်တွေ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ အလုပ်တွေမှာ သိသိသာသာ ညံ့လာမယ်။ လူမှုရေးလည်း ပေါင်းသင်းဆက်ဆံမှု မကောင်းတော့ဘူး။

(၅) ပြသာနာတွေပဲ စဉ်းစားမိနေမယ် - ပြသာနာတွေ တွေးခေါ်တဲ့ ပုံစံ၊ မှတ်မိတဲ့ ပုံစံနဲ့ ပြန်လည်ရှင်းပြတဲ့ အခါမှာလည်း ဗလုံးဗထွေးဖြစ်နေမယ်။

(၆) အထိအတွေ့ခံစားရမှု ပြင်းထန်မယ် - အသံ ဆို သူများတွေထက် အရမ်းကျယ်လောင်စွာကြားနေရတယ်၊ အနံ့ဆို သူများထက် ပိုနံတယ်လို့ခံစားရတယ် စသဖြင့်ဖြစ်နေရင်။

(၇) အဆက်အသွယ်ပြတ်လာမယ် - မိမိပတ်ဝန်းကျင်၊ မိမိကိုယ်တိုင်နဲ့ ကင်းကွာလာတယ်လို့ ခံစားရမယ်။ လက်တွေ့ဘဝကြီးနဲ့ အဆက်ပြတ်လာမယ်ဆိုရင်။

(၈) လက်တွေ့မကျတဲ့ အတွေးအခေါ်တွေ - ကိုယ့်ကိုကိုယ် အရှိတိုင်းထက်ချဲ့ကားပြီးတွေးမိနေပြီး စိတ်ကူးယဉ်ဆန်တာ လွန်ကဲနေရင် (သို့) ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို အိမ်မက်ဆန်ဆန်ထပ်ခါထပ်ခါတွေးမိနေရင်။

(၉) ကြောက်ရွံ့လာမယ် - ကြောက်စိတ်တို့ သံသယ ဝင်စိတ်တွေများလာရင်။

(၁၀) ထူးထူးဆန်းဆန်း ပုံမှန်မဟုတ်တဲ့ အရာတွေ ပြုမူစပြုလာရင်။

ဒီအထဲက အချက်တော်တော်များများ ကိုက်ညီနေရင်တော့ ကိုယ့်ကိုကိုယ် မပေါ့ဆဘဲ တစ်ယောက်ယောက်နဲ့ တိုင်ပင်သင့်ပါတယ်နော်….


Ref – psychiatry.org

Source - https://www.psychiatry.org/patients-families/warning-signs-of-mental-illness