ငယ်စဉ်က ဖခင်ဆုံးပါးခဲ့တာကြောင့် မိခင်နဲ့အတူ ခက်ခဲတဲ့အချိန်တွေ ဖြတ်သန်းခဲ့ရတဲ့ ဂျီချန်းဝု

တောင်ကိုရီးယားလိုနိုင်ငံမျိုးမှာ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါ ဘူး။ လက်ရှိနာမည်ကြီးနေတဲ့ မင်းသားတွေဟာ သူ့အတိုင်းအတာနဲ့သူ အခက်အခဲတွေကို ကျော်ဖြတ်ပြီးမှ လက်ရှိနေရာကို ရောက်လာကြတာပါ။ တစ်ယောက်နဲ့တစ်ယောက်လည်း ဖြတ်ကျော်လာရတဲ့ အခက်အခဲချင်းဟာ မတူညီနိုင်ပါဘူး။

ပရိသတ်အချစ်တော် တောင်ကိုရီးယားမင်းသာချော ဂျီချန်းဝု (Ji Chang Wook) တစ်ယောက်ရော အခုလို တောင်ကိုရီးယားနိုင်ငံမှာတင်မက နိုင်ငံပြင်ပအထိပါ နာမည်မကျော်ကြားခင်က ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရဖူးသလဲ?


Image Credit: Pinterest

အမှန်တော့ ဂျီချန်းဝုရဲ့ဘဝဟာ တခြားသူတွေလောက် ချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ သူဟာ အခုလို အောင်မြင်တဲ့ အနုပညာရှင်ဘဝကို ရဖို့အတွက် တချို့သူ တွေထက်စာရင် ပိုများတဲ့ အခက်အခဲတွေကို ကျော်ဖြတ်လာရသူပါ။

အကြောင်းကတော့ ဂျီချန်းဝုငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာကြောင့် မိခင်ဖြစ်သူတစ်ယောက် တည်းကသာ သူ့ကို အခုလိုကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်လာခဲ့ရတာကြောင့်ပါပဲ။ သူငယ်စဉ်က မိခင် ဖြစ်သူဟာ အခက်အခဲပေါင်းများစွာကို ခါးစည်းရင်ဆိုင်ခဲ့ရပါတယ်။ သူကိုယ်တိုင်ကလည်း မိခင်ဖြစ်သူရဲ့ အခက်အခဲတွေကို မြင်တွေ့ရရင်းနဲ့ပဲ အခုလို လူလားမြောက်လာခဲ့တာပါ။


Image Credit: Pinterest

အဲဒီအကြောင်းကို ပြီးခဲ့တဲ့နှစ်က tvN variety show ရဲ့ ရုပ်သံထုတ်လွှင်မှုတစ်ခုမှာ ဂျီချန်းဝုကိုယ်တိုင် ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်အမေက ကျွန်တော့်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာရတာပါ။ အဖေက ငယ်ငယ်ကတည်းက ဆုံးသွားခဲ့လို့ပါ။ ကျွန်တော်ငယ်ငယ်တုန်းကဆိုရင် သူ့မှာ ကြပ်တည်းတဲ့အချိန်တွေကို အများကြီး ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော်လည်း ငယ်ငယ်ကတည်းက အမေ့ရဲ့အခက်အခဲတွေကို တွေ့မြင် ပြီး ကြီးပြင်းလာရတာပါ။” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။


Image Credit: Pinterest

ဒါ့ပြင် သူက “ကျွန်တော့်အမေအတွက် သားလိမ္မာလေးဖြစ်ဖို့ တကယ်ကို ကြိုးစားနေပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အမေအတွက် အကောင်းဆုံးလုပ်ပေးနိုင်တဲ့အရာက သူမအတွက် ပစ္စည်းတွေဝယ်ပေးတာမျိုး မဟုတ်ပါဘူး။ အရေးကြီးဆုံးအချက်က သူနဲ့အတူတူ အချိန်ကုန်ဆုံးပေးဖို့ပါပဲ။” လို့လည်း ပြောခဲ့ပါတယ်။

“ကျွန်တော်တို့အတူနေကြပေမဲ့ အတူတူသိပ်မရှိဖြစ်ကြဘူး။ ကျွန်တော်က မနက်စောစောကတည်းက အိမ်ကထွက်တယ်၊ ညဘက်နောက်ကျမှ အိမ်ပြန်လာတယ်။ အလုပ်အားတဲ့ရင်ဆိုရင် သူငယ်ချင်းတွေနဲ့ အပြင် ထွက်တယ်။ ကျွန်တော် အမေနဲ့ သိပ်မနေပေးဖြစ်ဘူး။” “အဲဒါကြောင့် အမေ့နားမှာအတူနေပေးနိုင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်” လို့လည်း ဂျီချန်းဝုက ဝန်ခံပြောကြားခဲ့ပါတယ်။


Image Credit: Pinterest

ဂျီချန်းဝုနဲ့ မိခင်ဖြစ်သူတို့ အတူတူအပြင်ထွက်လည်ကြတဲ့ ဓာတ်ပုံတွေကိုလည်း ပရိသတ်တွေ တွေ့ဖူးကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တာကြောင့် အလုပ်တွေများနေပေမဲ့လည်း ဂျီချန်းဝုဟာ အမေကို ချစ်တဲ့ သားလိမ္မာတစ်ယောက်ပါပဲ။


Image Credit: Pinterest

ဂျီချန်းဝုရဲ့မေမေဟာလည်း ခင်ပွန်းသည်ဆုံးပါးခဲ့ပေမဲ့ သူမတစ်ယောက်တည်းအားနဲ့ သားဖြစ်သူကို ပြုစု စောင့်ရှောက်ပြီး အခုလို အောင်မြင်ကျော်ကြားတဲ့ ပရိသတ်အချစ်တော်မင်းသားတစ်လက် ဖြစ်စေခဲ့တာကြောင့် တကယ့်ကို ချီးကျူးထိုက်တဲ့ အာဂမေမေတစ်ယောက်လို့ ဆိုနိုင်ပါတယ်။

Katie Scarlett
We Media

Source: Soompi

Original Link: https://www.soompi.com/article/1356997wpp/ji-chang-wook-talks-about-wanting-to-be-a-better-son-to-his-mother?fbclid=IwAR3zMnw6gcJ09cCEK5SacT1P4tTTUca9EeyymfqMXVX32q-4tWIYpi1BxTU


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။