အနုပညာကြေးအမြင့်ဆုံး ကိုးရီးယားမင်းသမီး ( ၅ ) ဦး

ကိုးရီးယားဇာတ်လမ်းတွဲတွေ၊ရုပ်ရှင်တွေဟာ ကမ္ဘာတစ်ဝန်းလွှမ်းမိုးမှုကြီးမားသလို အရှိန်အဟုန်လည်း ကြီးမားပါတယ်။ဒါကြောင့် ကိုးရီးယားအနုပညာအသိုင်းအဝိုင်းထဲမှာ အနုပညာကြေးအမြင့်မားဆုံး မင်းသမီး     ( ၅ ) ဦး  အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။


1.ဂျွန်ဂျီဟွန်း

ကိုးရီးယားနိုင်ငံရဲ့ ကြေးအမြင့်ဆုံးမင်းသမီးဖြစ်တဲ့ ဂျွန်ဂျီဟွန်းဟာ ဇာတ်လမ်းတွဲတစ်ခုရိုက်ရင် အပိုင်းတစ်ခုကို $83,900 ပေးချေရပါတယ်။ဂျီဟွန်းဟာ သူ့ရဲ့ပုံရိပ်တွေကို My sassy girl,Windstruck,the Thieve နဲ့ My love from the star တို့နဲ့ မြှင့်တင်ပေးခဲ့ပြီး ကြေးအမြင့်ဆုံးမင်းသမီးဖြစ်လာခဲ့တာပါ။ 1981 ခုနှစ်မှာမွေးဖွားခဲ့ တဲ့ ဂျီဟွန်းဟာ Gianna Jun နာမည်နဲ့လူသိများခဲ့ပြီး အနုပညာလောကကို ကြော်ငြာမော်ဒယ်အဖြစ်စတင် ဝင်ရောက်ခဲ့တာပါ။ကိုးရီးယားဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်နေရင်း ၂၀၀၆ ခုနှစ်မှာ Blood: the last vampire ရုပ်ရှင်နဲ့ ဟောလီးဝုဒ်မှာစတင်ခြေချခဲ့ပါတယ်။


Photo Credit - Internet

2.လီယောင်အဲ

အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး ဟောင်အဲဟာ ကိုးရီးယားမှာလူကြိုက်အများဆုံး မင်းသမီးတစ်လက် ဖြစ်ရုံမက အခြားနိုင်ငံတွေမှာလည်း နာမည်ကြီးပါတယ်။သူမဟာ ကိုးရီးယားနန်းတွင်းကား “Dae Nang Geum (2003)” နဲ့ မှုခင်းကား “Sympathy for Lady Vengeance(2005)” နဲ့ သူမရဲ့ပုံရိပ်ကိုမြှင့်တင်ပေးနိုင် ခဲ့ပါတယ်။ 1991 ခုနှစ်မှာ မော်ဒယ်လောကကို စတင်ခြေချခဲ့ပြီး မကြာခင်မှာ တီဗီကြော်ငြာများစွာမှာ ပါဝင်ခဲ့ပါတယ်။1993 ခုနှစ်မှာတော့ “How’s your husband” ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပထမဆုံးပါဝင် သရုပ်ဆောင်ခဲ့ပြီး Best new actress award ကိုရရှိခဲ့ပါတယ်။ သူမရဲ့ အနုပညာကြေးကတော့ ဇာတ်လမ်းတွဲ တစ်ပိုင်းကို $83,500 ပါ။


Photo Credit - Internet

3.ဟာဂျီဝန်

ဟာဂျီဝန်ဟာလည်း  နာမည်ကြီးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး  Damo(2003), Hwang Jini(2006),Empress Ki(2013),Secret Garden(2010) အပြင်အခြားသောများစွာသော ဒရာမာကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။ အနုပညာကြေးအဖြစ် ဇာတ်လမ်းတွဲတစ်ပိုင်းကို  $42,000 ဘဲဖြစ်ပါတယ်။


Photo Credit - Internet

4.ချွိုင်ဂျီဝူး

1975 ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ချွိုင်ဂျီဝူးဟာ showbiz producer အဖြစ်စတင်သတိထားမိ လာခဲ့ပြီး 1994 ခုနှစ် MBC ကပြုလုပ်တဲ့လူရွေးချယ်ပွဲမှာ ရွေးချယ်ခံခဲ့ရပါတယ်။မကြာခင်မှာဘဲ သူ့ရဲ့ ပထမဆုံးဇာတ်လမ်းတွဲ War and Love မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ဒါ့အပြင် Beautiful Days(2001), Winter Sonata(2002), Stairway to Heaven (2003), The Suspicious Housekeeper (2003), The Suspicious Housekeeper(2013), Temptation(2014) စတဲ့ဇာတ်ကားတွေနဲ့ နာမည်ကြီးလာခဲ့ပါတယ်။ သူမရဲ့အနုပညာကြေးကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $41,800 ရှိပါတယ်။


Photo Credit - Internet

5.ဆောင်းဟေကို

၂၀၁၇ ခုနှစ်အတွင်းမှာ ဆောင်းဟေကိုက Forbes magazine ကထုတ်ပြန်တဲ့ Korea Power celebrity list မှာ နံပါတ်၇နေရာ ကိုရရှိခဲ့ပါတယ်။သူမအနေနဲ့ အာရှတစ်ဝန်းကျော်ကြားမှုကို Autumn in my heart(2000), All In(2003), Full house(2004)နဲ့ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း “Descendent of the sun” နဲ့ နာမည်ကြီးခဲ့ပါတယ်။အဆိုပါဇာတ်လမ်းတွဲကြောင့် ဆောင်းဟေကိုက top Hallyu star တစ်ယောက်ဖြစ်လာ ခဲ့ပါတယ်။အနုပညာကြေးအနေနဲ့ကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $41,800 ဖြစ်ပါတယ်။


Photo Credit - Internet

Phone Khant
We Media

Source - Internet