လေကြောင်းလိုင်းတွေ ရပ်နားထားရတာကြောင့် delivery ပို့နေတဲ့ ထိုင်းက လေယာဉ်မှူး

COVID-19 ကူးစက်ပျံ့နှံ့မှုတွေကြောင့် နိုင်ငံတော်တော်များမှာ နိုင်ငံခြားခရီးသွားလာမှုတွေကို ယာယီရပ်ဆိုင်း လိုက်ရတာကြောင့် လေကြောင်းလိုင်းတွေလည်း မထွက်ရတော့ပါဘူး။ အဲဒါကြောင့် ထိုင်းနိုင်ငံက လေယာဉ် ပိုင်းလော့တစ်ယောက်ဟာ အလုပ်မရှိ ချိန်မှာ အစားအသောက် delivery လိုက်လံပို့ဆောင်ခဲ့ပါတယ်။


Image Credit: The Nation Thailand

Thanun Khantatatbumroong လို့ နာမည်ရတဲ့ အဲဒီလေယာဉ်မှူးဟာ  သူ့အလုပ်လုပ်နေတဲ့ လေကြောင်း လိုင်းအနေနဲ့ ကိုဗစ် ကာလအတွင်းမှာ ခရီးစဉ်တွေ ရပ်နားထားရပြီး သူ့ရဲ့ဝင်ငွေကိုလည်း ၅၀ ရာခိုင်နှုန်းကျော် ဖြတ်တောက်ခံခဲ့ရပါတယ်။ အဲဒါကြောင့်လည်း သူ့အနေနဲ့ Grab Food နဲ့ ချိတ်ဆက်ပြီး အခုလို အစားအသောက် delivery ပို့ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


Image Credit: The Nation Thailand

အခုဆိုရင် တစ်လကျော်ကြာသွားပြီ ဖြစ်တဲ့ Thanun ဟာ သူ့ရဲ့ အလန်းစား BMW R1200 GSA ဆိုင်ကယ်ကို အသုံးပြုပြီး Grab ရဲ့ စားသုံးသူတွေဆီကို အစားအသောက်နဲ့ အဖျော်ယမကာတွေ ပို့ဆောင်ပေးခဲ့ပါတယ်။


Image Credit: The Nation Thailand

ဒါ့ပြင် ကပ္ပတိန် Thanun ဟာ သူ့ရဲ့ လေယာဉ်အမှုထမ်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ ကိုယ်ပိုင် delivery ပို့ဆောင်မှုလုပ်ငန်းကိုလည်း စတင်ဖန်တီးလိုက်ပါပြီ။ အဲဒီလုပ်ငန်းကနေ တစ်နေ့ကို ဝင်ငွေ ဘတ် ၁ ထောင်ကျော် ရရှိနေတယ်လို့ ဆိုပါတယ်။


Image Credit: The Nation Thailand

“လေကြောင်းလိုင်းကတော့ သိပ်မကြာခင်မှာ ပြည်တွင်းနဲ့ အဓိကလမ်းကြောင်းတွေကို ပြန်လည် ပြေးဆွဲတော့ မှာပါ။ ဒါပေမဲ့ ပုံမှန်အတိုင်းပြေးဆွဲတဲ့ နိုင်ငံတကာခရီးစဉ်တွေကတော့ COVID-19 ကာလမပြီးဆုံးသေးခင်အထိ ပြန်စမှာ မဟုတ်ပါဘူး” လို့လည်း Thanun က ဆိုပါတယ်။


Image Credit: The Nation Thailand

ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်စေချင်တိုင်း ဖြစ်မလာတတ်တဲ့ လောကကြီးမှာ ဖြစ်လာတဲ့အတိုင်း အခြေအနေအပေါ် မူတည်ပြီး လုပ်တတ်ကိုင်တတ်တဲ့ Thanun တို့လို လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေသာ ခံနိုင်ရည်ရှိရှိ အလိုက်သင့် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

Katie Scarlett

We Media

Source: The Nation Thailand

Original Link: https://www.nationthailand.com/news/30386496?fbclid=IwAR0tccSo9CyzuFKfHSWux8yZydZZzaDEiZDRXmxbZVHZYTv2WFeVmiYB6lw

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။