သမိုင်းမှာပထမဆုံးအကြိမ်ဖြစ် အမေရိကန်မှာ ရေနံဈေးနှုန်း အနှုတ်လက္ခဏာပြ

Coronavirus အကျပ်အတည်းကာလအတွင်းမှာ ဝယ်လိုအား ကျဆင်းလာတာကြောင့် အမေရိကန်ရေနံစိမ်း ဈေးဟာ ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက သမိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် အနုတ်လက္ခဏာ ပြသွားခဲ့ပါတယ်။

ပထမဆုံးအကြိမ်အကြိမ်အဖြစ် ရေနံဈေးနှုန်းများ သုညအောက်ကျပြီးနောက်၊ ဧပြီ ၂၁ ရက် (အင်္ဂါနေ့) မှာတော့ မကြုံစဖူး ရေနံရောင်းအား ဆက်လက်ကျဆင်းခဲ့ပါတယ်။ Coronavirus အကျပ်အတည်းကြောင့် ရေနံ ဝယ်လိုအားကျဆင်းခဲ့ပြီး ကုန်သည်များအနေနဲ့လည်း ၎င်းတို့ရဲ့ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၄၀ အထိ လျှော့ချဖို့ ဆန္ဒရှိခဲ့ကြပါတယ်။


Image Credit: The Straits Times

ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးမငြိမ်သက်မှုဂယက်တစ်ခုအနေနဲ့ မကြုံစဖူး ယူအက်စ်ရေနံစိမ်း တစ်စည်ကို အမေရိကန်ဒေါ်လာ ၃၇.၆၃ အောက်အထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ရေနံဈေးနှုန်းဟာ အခုနှစ် အစမှာ ဒေါ်လာ ၆၀ အထိ ရှိခဲ့ပါတယ်။

မေလအတွင်း အမေရိကန်ရေနံတင်ပို့မယ့် စာချုပ်တွေ သက်တမ်းကုန်ဆုံးသွားတာကြောင့်လည်း အခုလို ဈေးနှုန်းကျဆင်းလာခဲ့တာဖြစ်ပြီး ကုန်သည်များအနေနဲ့လည်း နောက်နှစ်ပတ်အတွင်းမှာ သိုလှောင်ထားရှိစရာ နေရာလပ်မရှိနိုင်ကြာင်း ခန့်မှန်းထားကြပါတယ်။ အဲဒါကြောင့်လည်း ကုန်သည်တွေအနေနဲ့ သူတို့ဆီကနေ လက်လွှဲယူနိုင်မယ့် ဝယ်သူတွေကို မျှော်လင့်နေကြတာပါ။

Merchant Commodity Fund ကို တွဲဖက်တည်ထောင်သူတစ်ယောက် ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံ့သူ Mr. Doug King ကလည်း အမေရိကန်ပြည်ထောင်စုရှိ သိုလှောင်ရုံများတွင် လောင်စာများပြည့်နှက်နေပြီး ဈေးကွက် အခြေအနေလည်း မကောင်းတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံလုပ်ငန်းအတွက်တော့ စိတ်ပျက်ဖွယ် နေ့ရက် ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Image Credit: AFP

အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Brent ရေနံစိမ်းအနေနဲ့ ဇွန်လတင်ပို့မှုအတွက် အမေရိကန် ဒေါ်လာ ၁၈.၁၀ အထိ ကျဆင်းသွားခဲ့ပါတယ်။ အဲဒီနှုန်းထားဟာ ၂၀၀၁ ခုနှစ် နိုဝင်ဘာလကစပြီး အခုကာလ အထိ အနိမ့်ဆုံးကျဆင်းသွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ GMT 1200 တွင် အမေရိကန်ဒေါ်လာ ၂၀.၉၈ ဖြစ်တာ ကြောင့် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ဆိုရမှာပါ။

Coronavirus ကူးစက်ပျံ့နှံနေတဲ့ ကာလအတွင်း ရေနံဈေးကွက်မှာ အနှုတ်လက္ခဏာပြခြင်းက ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကုန်စည်တစ်ခု အလျင်အမြန် တန်ဖိုးကျဆင်းသွားခြင်းလို့လည်း ဆိုနိုင်ပါတယ်။

Katie Scarlett
We Media

Source: The Straits Times

Original Link: https://www.straitstimes.com/business/companies-markets/us-oil-prices-plunge-below-zero-in-devastating-day-for-global-industry?fbclid=IwAR3tE8BkULgxdPkl3OiEhBs16p188TLyknJaINVL-y5eV693UY7a_i85vFM

ဆက်စပ်ရှာဖွေမှုများ - Daily Mail



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။