လူစုလူဝေးတွေရဲ့လေထုထဲမှာ ဗိုင်းရပ်စ်ရှင်သန်နိုင်တယ်

ကိုရိုနာဗိုင်းရပ်စ်ဟာ လူစုလူဝေးရှိတဲ့ လေထုထဲနဲ့ အလုံပိတ်အခန်းတွေရဲ့ လေထုထဲမှာ ရှင်သန်နိုင်ကြောင်း၊ လေထဲကမျက်စိနဲ့မမြင်နိုင်တဲ့ ပိုးတွေက တစ်ဆင့်ကူးစက်နိုင်ကြောင်း လေ့လာတွေ့ရှိမှု အသစ်အရသိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က ဆေးရုံနှစ်ခုကို ဆေးပညာအဖွဲ့တွေ သွားရောက်လေ့လာရာမှာ ဆေးရုံရဲ့ သန့်စင်ခန်း၊ အလုံပိတ်အခန်းတွေနဲ့ PPE ဝတ်စုံတွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်တွေရှင်သန်နေတာ တွေ့ရပါတယ်။ လေထဲက အမှုန့်အမွှားတွေက တစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တာကို Nature Research စာစောင်မှာ အကျယ်တဝန့် ဖော်ပြထားပါတယ်။ 


Photo Credit.Bloomberg

တရုတ်နိုင်ငံမှာ ပထမဆုံးကူးစက်ခဲ့တဲ့ ကူးစက်မှု ၇၅၀၀၀ ကို လေ့လာပြီး ထုတ်ပြန်ထားတဲ့ WHO ရဲ့ ထုတ်ပြန်ချက်မှာ လူတစ်ဦးကတစ်ဦး ကူးစက်နိုင်ပေမယ့် လူတစ်ဦးက အများကူးစက်နိုင်ခြေနည်းတယ်လို့ ဆိုထားပါတယ်။ 

ဒါပေမယ့် ကမ္ဘာအနှံ့ကူးစက်သူ ၃သန်းကျော်လာတဲ့အခါ ဘာကြောင့်ဒီလောက်ထိ ကူးစက်ခဲ့သလဲဆိုတဲ့အချက်ကို သိပ္ပံပညာရှင်တွေ ကြိုးစားရှာ ဖွေခဲ့ပါတယ်။


Photo Credit - Bloomberg

လူတွေ စကားပြောတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ ပိုးတွေက လမ်းကြောင်းနှစ်မျိုးနဲ့ ထွက်ပါတယ်။ ပထမလမ်းကြောင်းက အောက်ဘက်ကို သွားပြီး ဒုတိယလမ်းကြောင်းက လေထဲကို ပြန့်ပါတယ်။ လေထဲမှာရှိတဲ့ ပိုးတွေက နာရီပေါင်းများစွာရှင်သန်နိုင်ပါတယ်။

ဝူဟန်တက္ကသိုလ်က သုတေသနပညာရှင်အဖွဲ့ဟာ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဆေးရုံနှစ်ရုံကို လေ့လာပြီး ဆေးရုံခန်းတွေထဲမှာ ခိုအောင်းနေတဲ့ ဗိုင်းရပ်စ်တွေကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဝူဟန်မှာ အများဆုံးပြန့်နှံခဲ့တာ ဆေးရုံတွေက ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

သုတေသနအဖွဲ့ဟာ ရောဂါပိုးတွေကို လူနာဆောင်၊ စူပါမားကပ်နဲ့ တိုက်ခန်းတွေမှာ တွေ့ရှိခဲ့ပါတယ်။ လူစုလူဝေရှိတဲ့နေရာ၊ လူစုလူဝေးဖြတ်သန်း သွားလာနေတဲ့ နေရာတွေမှာလည်း တွေ့ရှိခဲ့ပါတယ်။


Photo Credit - Bloomberg

ကျန်းမာရေးဝန်ထမ်းတွေကူးစက်တာကတော့ PPE ချွတ်တဲ့အခါ၊ လက်အိတ်နဲ့ မျက်နှာဖုံးချွတ်တဲ့အခါ လေထဲမှာရှိတဲ့ပိုးကို ရှူမိလို့ကူးတာ ဖြစ်ပါတယ်။ 

နောက်ဆုံးတွေ့ရှိချက်တွေအရ လူစုလူဝေးရှောင် ရှားဖို့၊ ဆေးရုံတွေကို သေသေချာချာပိုးသတ်ဖို့၊ ကူးစက်လူနာနေထိုင်တဲ့အခန်းတွေကို သတိထားဖို့ အကြံပေးထားပါတယ်။ ဆေးရုံ၊ ကျောင်း၊ စျေးတွေဟာ ကူးစက်ပိုးပြန့်ပွားဖို့ အကောင်းဆုံးနေရာ တွေဖြစ်နေပါပြီ။ 

WaiLin (We Media)

Source - Bloomberg