အောက်တိုဘာထိစောင့်ရမယ့် iPhone 12

Apple ကုမ္ပဏီက iPhone 12 ထုတ်လုပ်မှုကို  အောက်တိုဘာထိ ရွေ့ဆိုင်းလိုက်ပါပြီ။  ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပုံမှန်ပွဲထုတ်နေကြ စက်တင်ဘာလအစား အောက်တိုဘာလကုန်ပိုင်းမှ ထုတ်နိုင်တော့မယ်လို့ ဆိုပါတယ်။


Photo credit.applehub

World Street Journal ရဲ့ အစီရင်ခံစာအရ Apple ကုမ္ပဏီဟာ ဇူလိုင်လကနေ နှစ်ကုန်အထိ ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းလျော့ချတယ်လို့ သိရပါတယ်။

iPhone 12 ဟာ ၂၀၁၇ ကထွက်ရှိခဲ့တဲ့ iPhone X ထက်ပိုပြီး စိန်ခေါ်မှုတွေရှိပါတယ်။ iPhone 12 မှာ 5G စနစ်၊ iPad pro က Sharp Edges ဒီဇိုင်း၊ norch အသစ်၊ အရွယ်အစားသုံးမျိုးပါဝင်မယ်လို့ သိရပါတယ်။


Photo credit.applehub

iPhone နောက်ဆုံးမျိုးဆက်အနေနဲ့ iPhone X ကို 2017-18၊ iPhone XS, XS Max 2018-19 ထုတ်လုပ်ခဲ့ပါတယ်။ 2019-2020 မှာ iPhone အသစ် ထွက်ရှိခဲ့ခြင်းမရှိပါဘူး။

လတ်တလော ကိုရိုနာရောဂါကြောင့် Apple စတိုးတွေကို ပိတ်ထားရပြီး မေလကုန်မှာ ပြန်ဖွင့်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

Source: Gsmarena, Apple