ဒူးရင်းကြိုက်သူတိုင်း ပြုလုပ်စားသင့်တဲ့ ဒူးရင်းကောက်ညှင်းအုန်းနို့စမ်း

အခုရက်ပိုင်း ရာသီဥတုကလည်း မိုးတဖွဲဖွဲကျနေတယ်ဆိုတော့ စိတ်ချလက်ချစားလို့ရမယ့် အစားအစာတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အခုပြောပြပေးမှာကတော့ နာမည်ကြားရုံနဲ့တင် သရေယိုစေမယ့် အစားအစာတစ်ခုပါ၊ ပြီးတော့ ပြုလုပ်ပုံကလည်း ရိုးရှင်းလွယ်ကူလှပါတယ်...


photo credit- freepik

ပါဝင်ပစ္စည်း 

ကောက်ညှင်းဆန်- ၄ ဗူး

အုန်းနို့- အုန်းသီး တစ်လုံးစာ

သကြား- ၃၀ ကျပ်သား

ဆား- အနည်းငယ်

ဒူးရင်းသီး- တစ်လုံး


photo credit- the smart local

ပြုလုပ်နည်း  

- အရင်ဆုံး ကောက်ညှင်းဆန်ကို နူးအိနေအောင် ပေါင်းထားပါ။

- အုန်းနို့ကို ဆားအနည်းငယ်ထည့်ကာ ကြိုပါ။

- အုန်းနို့ကျိုနေတုန်းမှာပဲ တစ်ဖက်မှာ သကြားကို ရေအနည်းငယ်ထည့်ကာ ကျိုပေးပါ။

- သကြားရည်ရလာပြီဆိုတာနဲ့ အုန်းနို့ထဲထည့်ကြိုပါ။

- အခွံခွာထားပြီးသား ဒူးရင်းသီးတစ်လုံးကို အစေ့ထုတ်ကာ မကြေ့တကြေ ချေထားပါ။

- ပြီးရင်တော့ ခုနက ကျိုထားတဲ့ အုန်းနို့ရည်ထဲ ထည့်ပါ။

- မိနစ်အနည်းငယ် ထပ်ကျိုပြီးရင်တော့ ကောက်ညှင်းပေါင်းနဲ့ တွဲဖက်စားနိုင်မယ့် ဒူးရင်း အုန်းနို့ရည် ရပါပြီ။

ပွဲပြင်နည်း

- ပန်းကန်ပြားပေါ် နူးအိနေအောင်ပေါင်းထားတဲ့ ကောက်ညှင်းပေါင်းထည့်ပါ။ ကောက်ညှင်း အပေါ်ကနေ အသင့်ကျိုထားတဲ့ ဒူးရင်းအုန်းနို့ရင်လေး စမ်းလိုက်ရင်တော့ အနံ့အရသာနဲ့ ပြီးပြည့်စုံတဲ့ ဒူးရင်းကောက်ညှင်းအုန်းနို့စမ်းလေးကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။

Psyche