Covid-19 အခြေအနေတွေမတည်ငြိမ်မချင်း Tokyo Olyampic ကိုကျင်းပမည်မဟုတ်

ဆိုင်းငံ့ထားတဲ့ 2020 Tokyo Olyampics ပွဲတော်ကို Covid-19 အခြေအနေတွေကို မထိန်းချုပ်မနိုင်မချင်း ကျင်းပသွားမှာမဟုတ်ဘူးလို့ ပွဲကျင်းပရေးကော်မတီဥက္ကဌက ဧပြီလ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

2020 Tokyo Olyampics ကို Covid-19 အခြေအနေတွေကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ပေမယ့် အခြေအနေတွေမူရင်းအတိုင်းပြန်မဖြစ်မချင်း ပြန်လည်ပြုလုပ်သွားမှာမဟုတ်တော့ဘူးလို့ ပွဲကျင်းပရေးကော်မတီဥက္ကဌ Yoshiro Mori ကပြောကြားခဲ့တာပါ။


Photo Credit - Internet

Japan’s Nikkan Sports က ဥက္ကဌကို တကယ်လို့သာ ၂၀၂၂ ထိ အခြေအနေတွေမတည်ငြိမ်သေးရင် ပွဲကို ဆက်ရွှေ့ဆိုင်းဦးမလားလို့ မေးမြန်းခဲ့ရာမှာတော့ ၂၀၂၂ ထိ မတည်ငြိမ်သေးရင် ပွဲကိုထပ်မံရွှေ့ဆိုင်းမည် မဟုတ်ဘဲ အပြီးတိုင်ဖျက်သိမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကစားသမားတွေနဲ့ အားကစားအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုတွေကြောင့် ဂျပန်နိုင်ငံပွဲကျင်းပရေး ကော်မတီနဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ပွဲကျင်းပဖို့ကို တစ်နှစ်နီးပါးနောက်ဆုတ် ခဲ့ရတာဘဲဖြစ်ပါတယ်။


Photo Credit - Reuters

လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝန်း Covid-19 ဖြစ်ပွားမှုဟာ ၅ လဝန်းးကျင်ရှိလာခဲ့ပြီဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၃သန်းနဲ့ သေဆုံးသူဦးရေ ၂သိန်းကျော်သွားပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ လက်ရှိအချိန်ထိ Covid-19 ကူးစက်ခံရသူ ၁၃၆၁၄ ဦးနဲ့ သေဆုံးသူ ၃၉၄ ဦးရှိနေပြီဖြစ်ပါတယ်။

Phone Khant

We media

Source – CNA

Original Link -  https://www.channelnewsasia.com/news/sport/tokyo-olympics-covid-19-vaccine-no-postpone-will-cancel-12682642?fbclid=IwAR2mXLUVvwUKzIBUwM9IV0-d-tpAXVsfdr-agAlY1nWehE5SeZD7Dp3ZOLM


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။