ဘင်္ဂလီလှေများနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ကို နိုင်ငံတကာဖိအားပေး



ပင်လယ်ထဲ မြောနေသည့် ဘင်္ဂါလီ ၅၀၀ နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖိအားပေးနေကြောင်း သတင်းရရှိသည်။ 


Photo credit- Aljazeera

လတ်တလောတွင် ဘင်္ဂါလီလှေနှစ်စီးသည် ကပ္ပလီပင်လယ်အတွင်း မြောနေပြီး ဘင်္ဂလားဒေ့ရှ်ကို ကယ်ဆယ်ပေးရန် ကုလ လူ့အခွင့်အရေးအကြီးအကဲ မီကဲလ်ဘက်ချက်ခ်က တိုက်တွန်းထားသည်။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကလည်း ကိုရိုနာကပ်ရောဂါကာလအတွင်း ဘင်္ဂါလီလှေတွေကို ပင်လယ်ပြင်ဆီ ထွက်ခွင့်မပေးရန် ပန်ကြားခဲ့သည်။ 


အဆိုပါလှေနှစ်စီးမှာ ပင်လယ်ပြင်တွင် ရက်အတန်ကြာမြောနေပြီး စားနပ်ရိက္ခာပြတ်တောက်မှာကို ကုလက စိတ်ပူလျက်ရှိသည်။ ဗြိတိန်နိုင်ငံကလည်း ဘင်္ဂလီလှေများကို ပြန်လည် လက်ခံရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းထားသည်။ 


Photo credit - Aljazeera

လှေစီးဒုက္ခသည်များနှင့်ပတ်သက်ပြီး မြန်မာ၊ ထိုင်းနှင့် မလေးရှားတို့က လက်ခံရန် ငြင်းဆန်ထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က "ဘင်္ဂါလီတွေနဲ့ပတ်သက်လာရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ခုတည်း ပတ်သက်တာမဟုတ်ဘူးလေ။ မြန်မာနဲ့လည်း သက်ဆိုင်တယ်။ လှေတွေက ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲမှာ မရှိတော့လို့ တာဝန်မယူနိုင်ဘူး။ ထပ်သိချင်ရင် မြန်မာအစိုးရကို မေးပါ" ဟုပြောကြားခဲ့သည်။


ကိုရိုနာကပ်ရောဂါကာလအတွင်း မြန်မာ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့က ငါးဖမ်းစက်လှေများ ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။


ယခုလအစောပိုင်းကလည်း ဘင်္ဂလားဒေ့ရှ် စက်လှေ ခြောက်စီး မြန်မာ့ရေပိုင်နက်အတွင်း ရောက်လာသဖြင့် တပ်မတော်(ရေ) က ခြောက်လှန့်ပစ်ခဲ့ရသည်။


Source: Aljazeera




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။