မေလဆန်းတွင် မုန်တိုင်းဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပြီး ရေပြတ်နိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုးဦးစီးဌာနမှ မေလဆန်းရက်များတွင် မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားပါသဖြင့် မိုးသက်လေပြင်း မုန်တိုင်းများတိုက်ခတ်ပြီး သစ်ပင်သစ်ကိုင်းများ လဲကျ၊ ကျိုးကျခြင်းများကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ပါက ရေပေးဝေမှုများပါ ပြတ်တောက်နိုင်သည်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း တာဝန်ခံအဖွဲ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါသည်။

Photo Credit - Weather.com

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့အနေဖြင့် နေ့စဉ် ရန်ကုန်မြို့သို့ ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်ကြီးများ၊ ငမိုးရိပ် ရေသန့်စင်စက်ရုံ၊ လဂွန်းပြင် ရေသန့်စင် စက်ရုံနှင့် အဝီစိတွင်းများမှ လျှပ်စစ်ဓာတ်အားအသုံးပြုပြီး ရေပေးဝေလျှက်ရှိသည် ဖြစ်ပါသည်။

#WeNews #မုန်တိုင်း #ရေပေးဝေမှုပြတ်တောက်