သူရဲကောင်းဆိုတာ

သူရဲကောင်းဆိုတာ

တရုတ်နိုင်ငံ၊ ကွေ့ကျိုးခရိုင်က ဘတ်စ်ကားမောင်းသူတစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က လုပ်ငန်းခွင်ဝင်နေရင်းနဲ့ပဲ ဘတ်စ်ကားပေါ်မှာ ကွယ်လွန်ခဲ့တယ်။ သူဟာ ရင်ကျပ်ပန်းနာ ဝေဒနာခံစားနေရသူတစ်ဦးဖြစ်ပြီး ရုတ်တရက်အမောဖောက်လာရင်းနဲ့ပဲ ကွယ်လွန်ခဲ့တာဖြစ်တယ်။ သူ့နာမည်က ဟူကွေ့ (Hu Kui) ပါ။


Image Credit - china daily

ဘတ်စ်ကားပေါ်က စီစီတီဗွီကင်မရာအရ စပြီး အမောဖောက်လာတဲ့အချိန်မှာ သူဟာ ဘတ်စ်ကားပေါ်က ခရီးသည်တွေအန္တရာယ်မဖြစ်စေဖို့ ကားကို လမ်းအောက်ဘက်မှာ ရပ်နားခဲ့တယ်။ အဲ့ဒီအချိန်မှာ သူဟာ ပန်းနာရင်ကျပ်သက်သာစေမယ့် ရှုဆေးတွေကိုလည်း သုံးစွဲခဲ့တယ်။ ကားရပ်နားပြီးနောက်မှာတော့ အနီးဆုံးကျန်းမာရေးဌာန ကို လှမ်းပြီးအကူအညီတောင်းနေပုံကို မြင်ရမှာဖြစ်တယ်။ ဖုန်းဆက်နေတဲ့အချိန်မှာတော့ သူ့အခြေအနေက မကောင်းတော့ပါဘူး။

ဘတ်စ်ကားတစ်စီးလုံး အန္တရာယ်ကင်းသွားတဲ့အချိန်မှာတော့ သူဟာ ကားစတီယာရင်ပေါ် ခေါင်းအပ်ပြီးလဲကျသွားတော့တယ်။ မကြာခင်မှာ ကျန်းမာရေးဌာနက ဝန်ထမ်းရောက်လာပေမယ့် မမှီတော့ပါဘူး။ အနီးဆုံးဆေးရုံကို ခေါ်ဆောင်သွားကြပေမယ့် သူက ဘတ်စ်ကားပေါ်မှာကတည်းက ကွယ်လွန်နေခဲ့ပြီ။

ခရီးသည်တွေအားလုံးကတော့ အန္တရာယ်ကင်းခဲ့ပါတယ်။ တကယ်လို့သူသာ ကားကိုလမ်းဘေးချမရပ်ပဲ ဒီအတိုင်းဆက်မောင်းနေမယ်ဆိုရင် ကျန်တဲ့သူတွေအကုန်ဒုက္ခရောက်နိုင်တယ်။ သူလုပ်နိုင်တဲ့အရာမှန်သမျှတာဝန်ကျေအောင်လုပ်ပေးခဲ့တာပေါ့။

တကယ့်သူရဲကောင်းအစစ်အမှန်တွေကို ပြင်ပကမ္ဘာမှာလည်းမြင်နိုင်တယ်။ ဒါပေမယ့် သူတို့တွေကတော့ ဝတ်ရုံကြီးတကားကားနဲ့ရှိမနေကြပါဘူး။

Gabriel
WE Media
Source - Chiha Daily
Original Link - https://www.asiaone.com/china/heroic-bus-driver-china-dies-duty-passengers-safe

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။