မြောက်ဒဂုံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းရှိ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များကို Our Leader အဖွဲ့မှ အခြေခံစားသောက်ကုန်များလှူဒါန်းခြင်းကို မတ်လ ၁ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။


Photo - Ye Myo Khant / MPA 

ဆန်၊ ဆီ၊ မြေပဲ၊ ငါးခြောက်၊ ကြက်သွန်နီ၊ ကြက်ဥ စသည်တို့ကို လှူဒါန်းဖြစ်ပြီး အရန်မီးသတ် ၅၀ နှင့် သန္ဓေမီးသတ် ၃၀ ကို ငွေနှစ်သောင်းဝန်းကျင်ခန့်ကိုလှူဒါန်းခြင်းဖြစ်ပါတယ်။


Photo - Ye Myo Khant / MPA 

လှူဒါန်းပွဲသို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် မြောက်ဒဂုံမြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


Photo - Ye Myo Khant / MPA 

Our Leader အနေဖြင့် အစိုးရအဖွဲ့၏ အထောက်အပံ့မရရှိသော၊ အလှူငွေမရရှိသော နေရာများကို အဓိကထားလှူဒါန်းလျက်ရှိကြောင်း သိရှိရပါတယ်။



Photo - Ye Myo Khant / MPA 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။