ရွှေ့ပြောင်းလုပ်သားတွေကို လူတန်းစားမခွဲခြားဘဲ ကုသပေးနေတဲ့ စင်္ကာပူက စေတနာ့ဝန်ထမ်းများ

စင်္ကာပူနိုင်ငံရဲ့ COVID-19 ကူးစက်ခံရသူအများစုဟာ နိုင်ငံခြားကနေ အလုပ်လုပ်ကြတဲ့ အဆောင်နေ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။ စင်္ကာပူက ဆရာဝန်၊ ဆရာမနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာလည်း သူု့နိုင်ငံသား၊ ကိုယ့်နိုင်ငံသား မခွဲခြားနိုင်ဘဲ ဘာသာစကားတွေမတူညီကြပေမဲ့လည်း တန်းတူညီမျှ ပြုစုကုသမှု ပေးနေကြပါတယ်။


Image Credit: National University Health System

COVID-19 ကို ရှေ့တန်းက ရင်ဆိုင်နေကြရတဲ့ ဆရာဝန်၊ ဆရာမတွေအတွက် လက်နက်ကတော့ လက်အိတ် တွေ၊ ကာကွယ်ရေးဝတ်စုံတွေ၊ နှာခေါင်းစည်းနဲ့ တခြားအကာအကွယ်တွေပါပဲ။ အဲဒီလို ကာကွယ်ရေးဝတ်စုံ အပြည့် ဝတ်ဆင်ထားတာတောင် သူတို့အတွက် ရောဂါကူးစက်နိုင်တဲ့ risk က ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီကြား ကနေ လူနာတွေအတွက် သက်စွန့်ဆံဖျား ပြုစုကုသပေးနေကြတာပါ။


Image Credit: National University Health System

National University Health System (NUHS) လက်အောက်မှာရှိတဲ့ Jurong Health Campus က Dr. Maleena Suppiah ကလည်း “ကျွန်မတို့ မျက်လုံးနဲ့ ပြုံးပြတတ်ဖို့ သင်ယူခဲ့ရပါတယ်။ နှာခေါင်းစည်းတွေ အုပ်ထားတာ ကြောင့် ကျွန်မတို့ရဲ့ ပါးစပ်နဲ့ သွားတွေကို သူတို့မတွေ့နိုင်ပါဘူး။ သူတို့ကို ကုသ ပေးတဲ့အခါမှာ မျှဝေခံစား ပေးခြင်းကနေတဆင့် သူတို့နဲ့ အပြန်အလှန်နားလည်မှု ယူရတာပါ” လို့ အင်တာဗျူး တစ်ခုမှာ ပြောခဲ့ပါတယ်။


Image Credit: National University Health System

ဒါ့ပြင် မျက်လုံးကနေတဆင့်  နားလည်မှုရအောင် ဖြည်းဖြည်းချင်း သင်ယူခဲ့ရတယ်လို့လည်း သူမက ဆိုပါတယ်။ အသက် ၅၅ နှစ်အရွယ် Dr. Maleena ဟာ အစားအသောက်ဆိုင်ရာ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ စင်္ကာပူမှာ COVID-19 ကူးစက်မှု အရှိန်အဟုန်မြင့်လာချိန်မှာတော့ သူမဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အဆောင် မှာ တစ်ပတ် ၃ ရက် လုပ်အားပေးနေတာ ဖြစ်ပါတယ်။


Image Credit: National University Health System

လက်ရှိစင်္ကာပူနိုင်ငံမှာ  COVID-19 ကူးစက်မှုအရေအတွက်ဟာ ၁၇၀၀၀ ကျော်သွားခဲ့ပါပြီ။ ကူးစက်ခံ ရသူ အများစုဟာလည်း နိုင်ငံခြားသားရွေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။ သူတို့တွေနေထိုင်ရာ အဆောင်တွေ ကိုလည်း ကန့်သတ်ဧရိယာအဖြစ် ပိတ်ထားပြီး ဖြစ်ပါတယ်။

Katie Scarlett
We Media

Source: CNA

Original Link: https://www.channelnewsasia.com/news/singapore/doctors-volunteer-care-for-migrant-workers-dormitories-covid19-12694148?fbclid=IwAR3Ij6fwYhKyxtDgifS03TD08uCafI24J7YpaVnm1q1PabUiI6ZZZ0vr28Y

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။