ရှင်သန်ရေးကူညီမှုအသင်းကိုငွေကျပ်၁၀သိန်းလှူဒါန်းခဲ့တဲ့ထွန်းအိန္ဒြာဗိုလ်ဇနီးမောင်နှံ

အားလုံးကချစ်ကြတဲ့မခိုင်ကြီးလို့ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်အဆိုတော်ထွန်းအိန္ဒြာဗိုလ်ဟာဆိုရင်မေလ(၁)ရက်နေ့မှာ အသက်၅၄နှစ်ပြည့်သွားတာပဲဖြစ်ပါတယ်။အခုလို Covid-19 ဖြစ်နေချိန်မှာ အိမ်ကနေကျန်းမာရေးနဲ့ဆိုင်တဲ့ဗဟုသုတလေးတွေကို အမြဲမျှဝေပေးနေသူဖြစ်ပါတယ်။မကြာသေးမီကပဲ Covid-19အတွက် ရှေ့တန်းကတာဝန်ထမ်းဆောင်နေတဲ့ကျန်းမာရေး ဝန်ထမ်းတွေအတွက်ဂုဏ်ပြုသီချင်းလေးရေစပ်သီဆိုခဲ့ပါသေးတယ်။

Covid-19 အတွက်ကျန်းမာရေးအတွက်လိုအပ်တဲ့ PPEဝတ်စုံ၊ဦးထုပ်နဲ့မျက်နှာအကာတွေကိုသွားရောက်လှူဒါန်းခဲ့သလိုယခု အခါမှာလည်းရှင်သန်ရေးကူညီမှုအသင်းမှာငွေကျပ်၁၀သိန်းထပ်မံလှူဒါန်းပေးခဲ့ပါတယ်။မခိုင်ကြီးဟာဆိုရင် Covid19နဲ့ဆိုင် တဲ့ကျန်းမာရေးအတွက်လိုအပ်နေတဲ့နေရာတွေမှာပါဝင်လှူဒါန်းပေးသူလည်းဖြစ်ပါတယ်။


We Media
Credit- Htun Aeindra Bo